အခန်း - ၂၆

Start from the beginning
                                    

ဘယ်လိုအလှတရားတွေနဲ့ လာပြီးဆွဲဆောင်ပါစေ...လုံးဝပါမသွားစေရဘူး...တစ်နေကုန် ဒီကောင်ကြီးကို စိတ်ဆိုးမယ်...ဟိုအကောင်ပေါက်နှစ်ကောင်ကိုလည်းစကားမပြောဘူး...

ဒီနေ့က ကလေးတွေ၏ ကျောင်းပိတ်ရက်ဖြစ်သလို၊ Kingသည်လည်း နေ့တစ်ဝက်သာ ဆေးရုံဆင်းရသည်မို့ သူလည်း ညနေပိုင်းတွင်လုပ်ရမည့် အလုပ်တွေအားလုံးကိုဖြတ်ထားခဲ့ခြင်းဖြစ်သည်။ သူခုလိုလုပ်ပေးထားတာကိုတောင် တစ်ယောက်မှသူ့အားဂရုမစိုက်။ သားတော်မောင်နှစ်ယောက်သည်လည်း ဂိမ်းဆော့နေကြသည်မို့ သူ့အားအဖက်မလုပ်ကြ။ တစ်ယောက်သောသူကလည်း ခင်ပွန်းသည်နှင့် ချစ်ကြည်နူးဖို့တစ်စက်မတွေး။ သူလုပ်ချင်တာသူလုပ်နေသည်။ သူ ယခု အမှန်တကယ်ပင် စိတ်တိုနေပါ၏။

စိတ်တိုစွာတွေးနေမိစဉ် ဘေးမှလူကထရပ်လိုက်သည်မို့ သူ့စိတ်ကိုတင်းထားလိုက်မိသည်။

ဘယ်ခေါ်ခေါ် လုံးဝမလိုက်ဘူး...

သို့သော် သူ့အားဘာမှမပြောဘဲ ထွက်သွားသောသူ။ ဘေဘေး သူ့အားကျောခိုင်းကာ ထွက်သွားသည့် ကျောပြင်ကျယ်အား စိတ်တိုစွာကြည့်လိုက်မိသည်။ ထို့နောက် ဝမ်းနည်းစိတ်တို့က ရင်ထဲမှလှိုက်တက်လာသည်။
သူ့ကို တကယ်ပဲ ဥပေက္ခာပြုကာထားသွားရက်၏။

ထိုလူသားက ဂိမ်းဆော့နေသည့် ကလေးနှစ်ယောက်ဘေးတွင်သွားထိုင်လိုက်တော့ ကလေးတွေက သူတို့ဒယ်ဒီကိုမြင်လိုက်သည်နှင့် အရမ်းပျော်သွားကြသယောင်။ သုံးယောက်သား သူ့ကို သတိရသည့်ပုံပင်တစ်ချက်မပေါ်။ တစ်ယောက်မှ သူ့အားလှည့်မကြည့်ကြ။

ဘေဘေးစိတ်ထဲ အပယ်ခံတစ်ယောက်လိုခံစားသွားရသည်မို့ ပို၍ဝမ်းနည်းလာသည်။ နှုတ်ခမ်းအတွင်းသားကိုဖိကိုက်ကာ ထရပ်လိုက်ပြီး အခန်းထဲဝင်လာခဲ့လိုက်သည်။ အခန်းထဲရောက်သည်နှင့် Lockချလိုက်ပြီး အိပ်ရာထက်တွင်မှောက်ချကာ စိတ်ဖြေနေမိ၏။

အထီးကျန်ခြင်းဟူသည် တစ်လောကလုံး ဥပေက္ခာပြုကာ ပစ်ထားခြင်းနှင့်မသက်ဆိုင်။
ချစ်ရသူထံမှ ဥပေက္ခာပြုခြင်းကိုခံရသည်ကပင် အထီးကျန်ခြင်းမည်၏။

တည်Where stories live. Discover now