အခန်း - ၂၃

Start from the beginning
                                    

"Hello"

"...."

"ဟုတ်ကဲ့"

အခန်းတွင်း အသံတို့ပြန်တိတ်သွားသည်။ လက်ချောင်းသွယ်တို့သည် Ph screenထက် ခဏတာ ပြေးလွှားသွားကြပြီးနောက်...

Ringing....

Messengerမှ Video callခေါ်ဆိုလာသည့် Ringtoneသံ။ Acceptကိုနှိပ်လိုက်သည့်အခါတွင်တော့ Screenထက် ပြုံးနေသည့် အမျိုးသမီးတစ်ဦး၏ပုံရိပ်ပေါ်လာပြီးနောက်...

"ဘာတွေလုပ်နေတာလဲ...စားပြီးပြီလား နောင့်စိုင်း"

"ပန်းချီဆွဲနေတာ...ပြီးပြီ"

"အင်း အဲ့မှာနေရတာ အဆင်ပြေရဲ့လား ကလေး...စားတာသောက်တာရော အဆင်ပြေလား...မပြေရင် ပြောနော်...ပီနန်း လူလွှတ်ပေးလိုက်မယ်"

"ပြေပါတယ်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ...ကင်မရာကို နောက်နည်းနည်းဆုတ်ပြီး တစ်ကိုယ်လုံးကိုသေချာပြပါဦး...ပိန်သွားမသွား ကြည့်ချင်လို့"

"...."

တစ်ဖက်မှပြောသည့်အတိုင်း လုပ်ပေးလိုက်တော့…

"အင်း ပိန်တော့မသွားဘူးပဲ...တော်သေးတာပေါ့..."

"ပီနန်းသာ ဂရုစိုက်ပါ"

ထိုအခါ တစ်ဖက်ရှိအမျိုးသမီးလေးထံမှ ရယ်သံလွင်လွင်လေးထွက်လာပြီးနောက်...

"ပီနန်းကိုမပူနဲ့...ဒီမှာ မင်းတူတော်ကအရမ်းလိမ္မာတယ်...ပီနန်းကိုဘာမှမဖြစ်ခိုင်းဘဲ သူ့ခမည်းတော်ကိုပဲ Morning sicknessဖြစ်ခိုင်းနေလို့ မင်းယောက်ဖတော် အားတောင်ပြတ်ခါနီးဖြစ်နေပြီ"

"...."

"အင်း နောက်နေ့တွေမှာ နောင့်စိုင်းကိုနေ့တိုင်း Video callခေါ်ရမယ်...အဲ့ဒါမှ ကလေးက နောင့်စိုင်းလိုချောချောလှလှလေးမွေးလာမှာ"

"...."

ဖုန်းပြောနေစဉ်တစ်လျှောက် တစ်ဖက်မှအမျိုးသမီးကသာ စကားများကိုရေပက်မဝင်ပြောသွားပြီး၊ ဒီဖက်မှ အမျိုးသားကတော့ 'ဟုတ်'တစ်လုံးသာ နောက်ကလိုက်တာများ၏။ နောက်ဆုံးတွင် တစ်ဖက်မှမောသွားပုံရပြီး...

"အင်း ပီနန်းတော့ နောင့်စိုင်းအချိန်တွေကို အများကြီးယူလိုက်မိပြီထင်တယ်"

တည်Where stories live. Discover now