အခန်း - ၁၂

Start from the beginning
                                    

စိတ်ကူးနှင့်အစီအစဉ်တို့ကိုရေးဆွဲလိုက်ပြီးနောက် ဘေးတွင်ချထားသောMILOဘူးကိုကောက်ယူလိုက်ကာ ပိုက်နှင့်နှုတ်ခမ်းကိုတေ့ပြီးတစ်ချက်စုပ်လိုက်သည်။ ထို့နောက် စတော်ဘယ်ရီကိတ်အပိုင်းလေးကိုယူလိုက်ပြီး ပါးစပ်ထဲတစ်လုတ်တည်းထည့်လိုက်သည်။

အအေးဓာတ်ကြောင့် နှာစေးချင်သလိုဖြစ်လာသည်မို့ နှာခေါင်းကလည်းတရှုံ့ရှုံ့။ ခြေဖျားလေးများအေးလာသည်ကို သတိထားမိတော့ ခြေထောက်ကိုကွေးလိုက်ကာ စောင်နှင့်သေချာရစ်ပတ်ပြီးသေချာပြန်ခြုံလိုက်သည်။ ပါးစပ်ကလည်း ပလုတ်ပလောင်းဖြင့်ဝါးနေသေး၏။

ထို့နောက် အနည်းငယ် အာခေါင်ခြောက်လာသည်မို့ ရစ်ပတ်ထားသောစောင်အတွင်းမှ လက်တစ်ဖက်ကိုအတင်းပြန်ထုတ်၊ MILOဘူးကိုလှမ်းယူလိုက်ပြီး အကုန်ကုန်သည်အထိစုပ်သောက်လိုက်သည်။ လက်ကျန်အစက်များပင်မကျန်အောင် ဘူးကိုဟိုဘက်စောင်းလိုက်၊ဒီဘက်စောင်းလိုက်နှင့်စုပ်နေသည်မို့ MILOဘူးခွံလေးထဲမှ အသံပေါင်းစုံထွက်နေတော့၏။ ကုန်သွားတော့ ပလုပ်ကျင်းသည့်အနေနှင့်ရေသောက်လိုက်သည်။

ဝမ်းရေးဖူလုံသွားသည်နှင့် နှလုံးသားရေးအတွက်လက်မနှေးစွာဖြင့် ဖုန်းကိုလှမ်းယူကာ တစ်ယောက်သောသူထံ ထုံးစံအတိုင်း ပလီပလာတီတီတာတာစာသားများပို့လိုက်သည်။ Good Morningနှင့်အစချီဖို့တော့မမေ့။

ထူးဆန်းစွာပင် သူပို့လိုက်ပြီး စက္ကန့်ပိုင်းအကြာ၌ စာများအားလုံး Deliveredဖြစ်သွားပြီးနောက် Seenဖြစ်သွားတော့၏။

အသားယူပြီးတွေးတယ်လို့မထင်စေလိုပေမဲ့ ဒီလောက်စိတ်ဆက်နေမှတော့ ဒါဖူးစာပဲ...

ဘေဘေးကိုယ့်အတွေးနှင့်ကိုယ်အူမြူးကာ တဟိဟိဖြစ်နေသည်။ Screenကိုကြည့်နေရင်း တစ်ဖက်မှ Typingရိုက်နေကြောင်းသိရ၍ ငြိမ်ပြီးစောင့်နေလိုက်၏။ ထို့နောက်....

‘အင်း’

အိုက်ယား....'အင်း'တဲ့လား။

အခြားလူသာဆို သူစာတွေအများကြီးပို့ထားတာကို 'အင်း'တစ်လုံးပဲပြန်ပြောလျှင် ထိုလူအားစိတ်ထဲမှာအကြိမ်ကြိမ်သတ်ပြီးလောက်ပြီဖြစ်သည်။ သို့သော် အခုက သူ့ရဲ့အမျိုးကောင်းသားလေးမဟုတ်ပါလား။ ထို'အင်း'တစ်လုံးအား အဓိပ္ပါယ်တွေအများကြီးဖွင့်ဆိုလို့ရသည်မို့ ကျေနပ်ရသည်သာ။ အခြေအနေကတော့ အရမ်းမဆိုးပါ။

တည်Where stories live. Discover now