အခန်း - ၁၂

74.3K 6.2K 1.1K
                                    

Unicode//

အတိတ်သို့တူးဆွခြင်း ၉

အချိန်အားဖြင့် မနက်၅နာရီ။ ဆောင်းရာသီရောက်နေပြီမို့ ပြင်ပတွင်အလင်းမပွင့်သေး။

ဘေဘေးတစ်ယောက်လည်း ဂွမ်းကပ်စောင်အထူကြီးကို ခေါင်းမြီးခြုံကာ MacBook Screenနှင့်မျက်စိမခွာနိုင်သေး။ မအိပ်မနေကြိုးစားနေသည်တော့မဟုတ်။ ညနေက ၆နာရီလောက်ကြီးအိပ်ပျော်သွား၍ မနက် ၃နာရီတွင်နိုးလာခြင်းဖြစ်သည်။ ဘယ်လိုပြန်ခွေခွေ ဆက်အိပ်လို့မရသည်ကတစ်ကြောင်း၊ ဗိုက်ဆာလာသည်ကတစ်ကြောင်းမို့ အောက်ထပ်ကိုဆင်း၊ ရေခဲသေတ္တာထဲမှ MILOဘူးတစ်ဘူးနှင့် စတော်ဘယ်ရီကိတ်ကိုယူကာ အခန်းထဲပြန်လာပြီး စားရင်းသောက်ရင်း အကျိုးရှိရှိ လေ့လာစရာရှိသည်များကိုရှာဖွေလေ့လာနေခြင်းဖြစ်သည်။

ရန်ကုန်ဆောင်းသည် အရမ်းမအေးသော်ငြား ဘေဘေး၏ အခန်းကတော့ ၁၂ရာသီအေးစိမ့်နေတတ်သောအခန်းဖြစ်သည်။ ဘယ်ရာသီ၊ဘယ်ဥတုပဲဖြစ်ဖြစ် ဘေဘေး၏အခန်းအပူချိန်သည် အမြဲတမ်း 16°Cသာဖြစ်၏။

Sreenထက်တွင်ပေါ်နေသည်များကို လိုက်လံဖတ်ကြည့်ပြီးနောက် ဘေဘေးခေါင်းတညိတ်ညိတ်ဖြစ်သွားသည်။ အခုဆို Kingပြောသမျှကို သူအဓိပ္ပါယ်ဖော်နိုင်သွားပြီဖြစ်၏။ ဆေးတက္ကသိုလ်များအကြောင်း သူအတော်လေးသဘောပေါက်သွားပြီပင်။ သူမှန်းဆထားသည့်အတိုင်း ဆေးတက္ကသိုလ်များသို့တက်ရောက်ခွင့်သည် သူ့နယ်အလိုက်ခွဲထားခြင်းဖြစ်သည်။

အခြားတက္ကသိုလ်များကဲ့သို့ မြို့နယ်များကွဲသည်နှင့် ဝင်ခွင့်အမှတ်များကွဲသွားခြင်းမဟုတ်။ ဆေးတက္ကသိုလ်များအားလုံး၏ ဝင်ခွင့်အမှတ်များသည် တစ်ပြေးညီပင်ဖြစ်သည်။ နယ်အလိုက် သတ်မှတ်ပေးထားသောမြို့ရှိတက္ကသိုလ်တွင်သာတက်ရောက်ရ၏။ ကျောင်းပြောင်းခွင့်လည်းမရှိ။ သို့သော် ဘယ်နေရာမဆို ခြွင်းချက်ဆိုသည်ကတော့ရှိစမြဲ မဟုတ်ပါလား။

ဘေဘေးမျက်နှာထက်တွင် အကြံအပြည့်ပါသော အပြုံးတစ်ခုဖြစ်ထွန်းလာသည်။ သူ့အဖေများ၏ သုံးမကုန်သောပိုက်ဆံများကို သုံးပေးရမည့်အချိန်အခါကျရောက်လာပြီဖြစ်၏။ ဒီတစ်ခါကတော့ သူဘာအရှုပ်မှလုပ်မည်မဟုတ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝမည့်ကိစ္စကိုလုပ်မည်ဖြစ်သည်။ သူတောင်းဆိုလျှင် ဘာမှမရစရာအကြောင်းမရှိ။ ငွေသုံးသည့်ကိစ္စက သူ့ဘာသာလုပ်၍ရသော်လည်း အသက်မပြည့်သေးသော သူလုပ်တာထက် အရှိန်အဝါကြီးသော သူ့အဖေတွေလုပ်သည်က နာမည်ပိုရကာ တစ်ချို့တစ်ချို့ကိစ္စလေးတွေပြောဖို့ပိုလွယ်လောက်သည်လေ။

တည်Where stories live. Discover now