အခန်း - ၁၁

Start from the beginning
                                    

အရမ်းလွမ်းတယ်....

ပုံလေးအား Zoomဆွဲပြီး မြင်ရသလောက်ကို သေချာလိုက်ကြည့်ကာ မှတ်သားမိသည်။ ထို့နောက် အလွမ်းနယ်ထဲမကျွံချင်သည်မို့ ပုံတို့ကိုဆက်ဆွဲလိုက်မိ၏။ Albumတစ်ခုပြီးတစ်ခုကိုလိုက်နှိပ်ကြည့်ရင်း ယခင်ဖုန်းအဟောင်းထဲမှကူးထည့်ထားသောပုံများကိုကြည့်မိတော့ အလွမ်းဓာတ်ခံရှိသောသူ့အဖို့ ငိုမချမိရုံတမယ်။

"ကိုကို့ရဲ့ပိုတေးလေး"

နှုတ်မှရေရွတ်ကာ စခရင်ထက်ပေါ်နေသောပုံလေးကို လက်ချောင်းတို့ဖြင့်ဖွဖွထိတို့မိသည်။ လွန်ခဲ့သော ၂နှစ်ကျော်လောက်က ပိုတေးလေးပျောက်သွားခဲ့သည်။ လက်တစ်ဆုပ်စာ အကောင်သေးသေးလေးက မိနစ်ပိုင်းလေးအတွင်းမျက်စိရှေ့မှပျောက်သွားခဲ့ခြင်းပင်။

ထိုနေ့က ပိုတေးအနည်းငယ်မှိုင်နေသောကြောင့် ဆေးခန်းပြရန်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဆေးခန်းရှေ့ရောက်တော့ အထဲတွင်အနည်းငယ်ရှုပ်နေသည်မို့ ပိုတေးကို ဆေးခန်းဝတွင်ထိုင်နေသော ကောင်လေးအား ခဏအပ်ကာ စတိုးဆိုင်တွင်ရေသန့်ဘူးဝယ်ဖို့ အမြန်သွားခဲ့သည်။ ထိုအချိန်ခဏလေးအတွင်းမှာပင် ပိုတေးသည်ပျောက်ခြင်းမလှပျောက်သွားခဲ့သည်မှာ ယနေ့ထက်တိုင်။

Cctvပြန်ကြည့်တော့ အဝတွင်ထိုင်နေသောကောင်လေးက ဆေးခန်းတွင်းမှထွက်လာသော ခွေးစုတ်ဖွားလေးတစ်ကောင်ကိုချီထားသည့် အဒေါ်ကြီးတစ်ယောက်နှင့်အတူ ပြန်ထွက်သွားသည်။ ထို့နောက် ပိုတေးသည်လည်း သူထွက်သွားရာ စတိုးဆိုင်ဘက်သို့ ပြေးထွက်သွား၏။ လမ်းတစ်လျှောက်ရှိနေသော Cctvများကို သူအတတ်နိုင်ဆုံး ခွင့်တောင်းကာ လိုက်ကြည့်ခဲ့သော်ငြား Cctvမရှိသောနေရာများအလွန်ရှိ Cctvများတွင်တော့ ပိုတေးကိုအစအနပင်ရှာလို့မတွေ့တော့။ သူဘယ်သူ့ကိုမှအပြစ်မတင်နိုင်ခဲ့။ သူ့ကိုယ်သူသာအပြစ်တင်မိခဲ့သည်။

ယူကြုံးမရဖြစ်ကာ ငိုကြွေးခဲ့ရသည့်နေ့ရက်များကိုဖြတ်ကျော်ခဲ့ပြီးနောက် စိတ်ကပိုဆတ်လာပြီး ရန်ဖြစ်ခဲ့ရသောနေ့ရက်များသို့ရောက်လာခဲ့သည်။ ၉တန်းနှစ်တွင် ရန်ပွဲအလီလီဆင်နွှဲပြီးနောက် ထိုနှစ်အပြီး သင်္ကြန်တွင် ကံ့ကော်ပန်းများကိုတွေ့ခဲ့ရာမှ ကံ့ကော်သင်းနံ့ပိုင်ရှင်လေးကိုသတိပြန်ရခဲ့ပြီး စိတ်အစဉ်ကို ထိုရနံ့နှင့်ထိုရနံ့ပိုင်ရှင်ထံနှစ်ပစ်ခဲ့၏။ ထို့နောက်တွင်တော့ စိတ်တို့ကအနည်းငယ်ပြန်လည်နူးညံ့လာပြီး ပျော်ရွှင်မှုတို့ကိုပြန်လည်ခံစားတတ်လာသည်။

တည်Where stories live. Discover now