My Lifeblood (Part 2)

Start from the beginning
                                    

ကျွီ..............

ခြံတံခါးပွင့်လာတဲ့နောက် ဘောင်းဘီအိပ်ကပ်ထဲကိုလက်တစ်ဖက်ထည့်ထားတဲ့နိုင်း ခြေလှမ်းကျဲကြီးများဖြင့်သာခြံထဲဝင်သွားသည်။၆ပေကျော်တဲ့နိုင်းအရပ်​က နိုင်းပုံမှန်လမ်းလျှောက်သွားရင်တောင်ရှည်လျားလွန်းတဲ့ခြေတံများကြောင့် ​ခြေလှမ်းများကခပ်ကျဲကျဲဖြစ်နေခြင်းဖြစ်၏။

"အကိုနိုင်း"

နိုင်းအိမ်ထဲသို့ရောက်ရောက်ချင်းမှာဘဲသူ့နာမည်ခေါ်သံ​လာရာ ဧည့်ခန်းသို့ကြည့်လိုက်ရာ ပျာပျာတလဲ​နဲ့ပြေးလာတဲ့ယွန်းမှီကိုတွေ့လိုက်ရသည်။အလျင်လိုနေတဲ့သူမပုံစံက တ၀်စုံတစ်ရာကိုစိုးရိမ်နေသလိုလို စိတ်ပူနေသလိုလိုဖြစ်နေခဲ့၏။

ယွန်းမှီ နိုင်းအနားရောက်သည်နှင့်...............

"ဘယ်တွေသွားနေတာလဲ.....မှီ့မှာအကိုနိုင်းကိုမျှော်နေရတာကြာရင်နှလုံးရောဂါရတော့မယ်"

နိုင်းအိမ်ပြန်နောက်ကျတက်ပေမဲ့ ယွန်းမှီကြိုနေဖူးသည်တော့မရှိဖူးပါ၊ဤကနေ့မှထူးထူးဆန်းဆန်း သူ့အားမျှော်နေသည်ဆိုတော့ယွန်းမှီဘာစိတ်ကူးတွေပေါက်နေလဲနိုင်းနားမလည်နိုင်။ဒါ့ကြောင့်.........

"အကို့ကိုဘာလို့မျှော်နေတာလဲ"

"ဒေါ်လေးလေ.....ဒေါ်လေးထမင်းလည်းမစားဘူး၊မှီကိုယ်တိုင်ကျွေးတာတောင်........."

ယွန်းမှီစကားပင်မဆုံးလိုက်၊နိုင်းမေမေနဲ့ပတ်သက်တာမှန်းသိတော့ နိုင်းအိမ်ကြီးပေါ်သို့အမြန်ပြေးတက်သွားလေသည်။
တစ်အိမ်လုံးမှာဒေါ်မိုးနတ်နဲ့ပတ်သက်ရင် နိုင်းစိတ်ချတာဆိုလို့ယွန်းမှီဘဲရှိသည်။ဒေါ်မိုးနတ်ရဲ့ဖခင်အရင်းဖြစ်တဲ့ဦးသော်ကကိုလည်းနိုင်းစိတ်မချသလို ဒေါ်မိုးနတ်နဲ့မောင်နှမအရင်းဖြစ်သလိုယွန်းမှီရဲ့ဖခင်လည်းဖြစ်တဲ့ဦးလျှံမင်းကအစနိုင်းစိတ်မချချေ။နိုင်းသူတို့ကိုစိတ်မချတာလဲမဆန်း၊ဒေါ်မိုးနတ်ကိုယ်တိုင်ကသူမဖခင်နဲ့အကိုကိုမတွေ့ချင်လောက်တဲ့အထိဖြစ်နေသောကြောင့်ဖြစ်သည်။

ကျွီ..........ဒုန်း.........

"မေမေ"

ဒေါ်မိုးနတ်ကိုတွေ့ချင်ဇောနဲ့နိုင်းတံခါးကိုတောင်ညင်သာစွာအဖွင့်နိုင်ဘဲစောင့်ဖွင့်လိုက်သည်။

My Lifeblood(complete)Where stories live. Discover now