1. Random thoughts about Wattpad's wars

1.4K 81 21
                                        

တစ်ခုခုအမြင်မတော်ရင် ပြောချင်တာက အကျင့်ဖြစ်နေလို့ ပြောပါဦးမယ်။ wattpad community မှာ နောက်ပိုင်းစိတ်ပျက်စရာတွေများလာတယ်ဆိုတာ အပြောများလာကြတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်နေရသလဲဆိုတာ ကျွန်တော်လက်လှမ်းမှီသလောက်လိုက်ကြည့်ဖြစ်ရင်း တွေးမိတာလေးတွေကိုပြောချင်ပါတယ်။

၁။ စာရေးသူတွေရဲ့အကြောင်း
Wattpad ကို ခုနောက်ပိုင်းလူငယ်တွေ အတော်အသုံးများလာကြတော့ စာဖတ်တဲ့သူတွေများသလို စာရေးတဲ့သူတွေလဲ အလွန်များပါတယ်။ များပြားလှတဲ့ စာရေးသူတွေထဲမှာ စာရေးရာမှာ ဝါသနာပါလွန်းလို့ ရေးကြတဲ့သူတွေရှိသလို သူများတွေရေးကြလို့ ကိုယ်လဲရေးကြည့်မယ်ဆိုတာမျိုးလဲ ရှိပါတယ်။

စာစရေးကြတဲ့အခါ ကိုယ်ရေးမဲ့ ဇာတ်ကြောင်းမှာပါတဲ့အရာတွေကို သေချာလေ့လာဖတ်ရှု၊ research လုပ်၊ ဇာတ်အိမ်ကို သေချာတည်ပြီးမှ ရေးကြတာတွေရှိသလို ဒီလိုဖိဖိစီးစီးမလုပ်မိပဲ ရေးတဲ့သူတွေလဲရှိပါတယ်။

ငါကအပျော်ရေးတာပဲဆိုပြီး ပြီးစလွယ်ရေးတာမျိုး ကျွန်တော်တစ်ပုဒ်စနှစ်ပုဒ်စ မြင်ဖူးပါတယ်။ စာလုံးပေါင်းကအစ ပေါ့ပေါ့တန်တန်ရေးတာမျိုးတွေဆိုရင် ဒါဟာ ကိုယ်ရေးတဲ့စာကိုယ်တန်ဖိုးမထားတာလို့ပဲ မြင်မိတယ်။ (သွားလိုက်အူးမေ။ စားပြီးpလား။ နိကိုပြောတာ။ ဒီလိုပုံစံတွေနဲ့ရေးတာကိုဆိုလိုပါတယ်။)

typo ကိုမဆိုလိုပါဘူး။ စာလုံးရေအများကြီးဖြစ်လာတဲ့အခါ typo ပါတာကို နားလည်ပါတယ်။ ကျွန်တော်ဆိုလဲ ပါတာပါပဲ။ ဒါပေမဲ့ typo နဲ့ စာလုံးပေါင်းအမှန်ကို မသိတာ/မရေးတာက ကွာခြားပါတယ်။ ဒါကိုစာဖတ်သူတွေက ထောက်ပြလာတဲ့အခါ ကိုယ့်အတွက်ပြောပေးတာလို့မြင်ပြီး မှတ်သားပြင်ဆင်ကြစေချင်ပါတယ်။ ဘယ်လိုပဲအပျော်ရေးရေး စာရေးပြီဆိုတာနဲ့ ယူသင့်တဲ့ responsibility တွေကတော့ ယူရတော့မှာပဲဖြစ်ပါတယ်။

Wattpad မှာ စာရေးတဲ့သူ ရာနှုန်းပြည့်နီးပါးက အခုမှ စရေးကြသူတွေ လူငယ်တွေမို့ မှီငြမ်းကိုးကားတာကတော့ ဘယ်သူမှ လွတ်ကြမှာမဟုတ်ပါဘူး။ တစ်ကယ့်စာရေးဆရာတွေတောင် မှီငြမ်းရတာတွေရှိပါတယ်။

RandomWhere stories live. Discover now