My Lifeblood (Part 1)

Start from the beginning
                                    

ရေခဲတုံးတစ်တုံးအလား အေးစက်မာကျောတဲ့နိုင်းပုံစံက အေးစက်ပုံသာရေခဲတုံးပမာဖြစ်နေမယ် ရေခဲတုံးလိုတော့သူမရဲ့စကားတွေနဲ့အလှကြားအရည်ပျော်ဝင်ခြင်းမရှိပါ။

"ယူ့ကိုတို့သိပါတယ် ယူကသာတို့ကိုမသိတာ"

"............."

"တို့နာမည်လည်းမှတ်ထားနော် နှိုင်းဧကရီတဲ့"

"မင်းပြောလို့ပြီးပြီလား"

"ယူကတို့အကြောင်းတွေထပ်သိချင်သေးလို့လား ရတယ်နော်......တို့အကြောင်းတွေထပ်ပြောပေးလို့ရတယ်"

နိုင်း ဘာမှပြန်မပြောသေး၊လက်ထဲကဝိုင်ခွက်ကို အနည်းငယ်လှုပ်ရမ်းပြီး မော့သောက်လိုက်သည်။ထို့နောက် လက်ထဲကဝိုင်ခွက်ကိုဖန်သားစားပွဲပေါ်မှာပြန်တင်၍ နှိုင်းဧကရီနားသို့နိုင်းတစ်ဖြည်းဖြည်းကပ်သွား၏။

စိတ်လှုပ်ရှားမှုများပြည့်နှက်နေတဲ့နှိုင်းဧကရီ သူမအနားကပ်လာတဲ့နှိုင်းကြောင့် ရင်များဗြောင်းဆန်အောင်ခုန်နေသလို နိုင်းနှုတ်ဖျားကထွက်ကျလာမဲ့စကားတွေကိုပါအမျှော်လင့်ကြီးမျှော်လင့်နေသည်။

ဆံနွယ်များဖုံးလွှမ်းနေတဲ့နှိုင်းဧကရီရဲ့နားရွက်ပါးပါးလေးနားကို နိုင်းကပ်သွားပြီးသူမနားရွက်ပေါ်ကဆံနွယ်လေးများအားနားရွက်အနောက်သို့ နိုင်းညင်သာစွာပို့လိုက်၏။ထို့နောက် နိုင်းသူမနားနားသို့နီးကပ်သည်ထက်ပို၍နီးကပ်အောင်တိုးလိုက်ကာ..............

"ငါ့အနားကလစ်တော့.....အပေါစားဆန်တဲ့မိန်းမတွေငါစိတ်မဝင်စားဘူး၊အထူးသဖြင့်........မင်းလိုမိန်းမဘဲ"

ငြိမ်သက်စွာနားထောင်နေတဲ့နှိုင်းဧကရီမျက်နှာက နိုင်းစကားကြောင့်ချက်ချင်းဘဲမျက်နှာပျက်သွား၏။မာနကိုထိခိုက်စေတဲ့စကားမို့ သူမဂါဝန်စကိုတင်းကြပ်စွာဆုပ်ကိုင်ထားမိသည်အထိနှိုင်းဧကရီဒေါသများထွက်နေခဲ့သည်။

နိုင်း သူမအနားမှပြန်ခွာပြီးစားပွဲပေါ်ကဝိုင်ပုလင်းကိုအဖုံးဖွင့်ပြီး သူ့ဝိုင်ခွက်ထဲသို့ဝိုင်များထည့်ကာ ဆက်သောက်နေပြန်သည်။သူ့ဘေးမှာဒေါသထွက်နေတဲ့နှိုင်းဧကရီရဲ့မကျေနပ်တဲ့အကြည့်တွေကိုလဲနိုင်းအရေးမစိုက်၊သူမကနိုင်းလက်ထဲကဝိုင်တစ်ခွက်လောက်ပင်အရေးမကြီးလို့တောင်ဆိုရမည်။

My Lifeblood(complete)Where stories live. Discover now