My Lifeblood (Part 1)

Start from the beginning
                                    

"ဟုတ်ပါတယ် ကျွန်တော်နိုင်းနတ်ဆေး၊ဦးသော်ကလက်ချက်ကြောင့် မရှု့မလှသေခဲ့ရတဲ့ဦးနိုင်းမာန်နဲ့ခင်ပွန်းကြောင့်ရှုးသွပ်သွားရတဲ့ ဒေါ်မိုးနတ်တို့ရဲ့တစ်ဦးတည်းသား နိုင်းနတ်ဆေး၊ရှင်းရဲ့လား မရှင်းရင်ထပ်ပြောရဦးမလား"

"မင်း......မင်း......မင်း"

သူ့အပြောတွေကြောင့် ဒေါသများပေါက်ကွဲကျန်နေခဲ့တဲ့ဦးသော်ကကိုကျောပေးပြီး နိုင်းအိမ်ကြီးရဲ့အပေါ်ထပ်ကိုဘဲတက်လာခဲ့သည်။နိုင်းမျက်ရည်များဝဲတက်နေခဲ့သည်၊သို့ရာတွင်မျက်ရည်တော့မကျခဲ့ပါ။နိုင်းဖခင်အတွက်မတရားမှုတွေသာပေးခဲ့တဲ့ ဦးသော်ကကိုနိုင်းစကားလုံးတွေနဲ့ထိုးနှက်တိုင်းရင်နာရသည်။ဦးသော်ကအတွက်နိုင်းစိတ်မကောင်းလို့တော့မဟုတ်ချေ၊ဦးသော်ကကိုအရှိုက်ထိစေမဲ့စကားတွေပြောတိုင်း နိုင်းဖေဖေကိုသတိရသောကြောင့်ဖြစ်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရောင်အသွေးစုံလင်လှတဲ့ခေတ်ဆန်ဆန်ဝတ်စားဆင်ယင်မှုများ Djသံမြူးမြူးလေးပျံ့လွင့်နေတဲ့Barက လှပါပေ့ချောပါပေ့ဆိုတဲ့မိန်းကလေးများစွာရှိနေခဲ့ပေမဲ့တစ်ယောက်မှတော့ နိုင်းအာရုံကိုမဖမ်းစားနိုင်။ဝိုင်အနီတစ်ခွက်ကိုကိုင်လျက် ခြေထောက်တစ်ဖက်ကိုတင်ပျဥ်ချိတ်ပြီးသာ မည်သူ့မျှအာရုံမစိုက်တဲ့ပုံစံနဲ့သာနိုင်းထိုင်နေသည်။ချစ်သူရည်းစားနဲ့လာတဲလူကလာ၊သူငယ်ချင်းအပေါင်းအဖော်တွေနဲ့လာတဲ့လူကထိုBarကိုလာတက်ပေမဲ့ နိုင်းကတော့အမြဲတစ်ယောက်ထဲလာတက်ပြီး သူ့ဘာသာနေတက်သည်ကသာများလှသည်။လာတဲ့အချိန်တိုင်းလည်း သူ့အားစကားစမြည်လာပြောတဲ့လူတိုင်းကိုအရေးမလုပ်တက်တာနိုင်းရဲ့ကိုယ်ပိုင်ဟန်။

"ဟိတ် တို့ခဏထိုင်မယ်နော်"

စကားလာပြောတဲ့မိန်းကလေးကိုထုံးစံအတိုင်းနိုင်းအရေးမလုပ် ဝိုင်ခွက်ကိုဘဲအကြည့်များစူးစိုက်ကြည့်နေပြန်သည်။

လက်လျှော့မသွားတဲ့မိန်းကလေးကလဲ သူမအားအရေးမလုပ်တဲ့နိုင်းဘေးမှာ​ကြောက်ရွံ့ခြင်းမရှိဘဲဝင်ထိုင်၏။သူမအားတစ်စက်ကလေးမှမကြည့်တဲ့နိုင်းကို သူမအချိန်အတော်အတန်ကြာအောင်ကြည့်နေခဲ့တယ် နိုင်းကတော့တစ်ချက်ပင်ပြန်မကြည့်။

My Lifeblood(complete)Where stories live. Discover now