My Lifeblood (Part 1)

Comenzar desde el principio
                                    

နိုင်းအရေးမစိုက်တာက ဦးမြတ်ပိုင်ရဲ့စကားတင်မဟုတ်ပါ၊နိုင်းအဖိုးဦးသော်ကစကားကအစ နိုင်းဂရုမစိုက်ခြင်းဘဲဖြစ်သည်။ပြောမနိုင်ဆိုမနိုင်နိုင်းကို ဦးသော်ကပြောစကားအတိုင်းပြန်ပြောခဲ့ပေမဲ့ မြူမှုန်တစ်မှုန်မျှပင်အရေးလုပ်မခံရတော့ ဦးမြတ်ပိုင်လည်း...........

"ဒီမြေးအဖိုးတွေနဲ့ငါလည်းကြာရင်ရူးမှာဘဲ"ဟုသာစိတ်ပျက်စွာငြီးတွားပြီးနိုင်းနောက်မှထပ်ကြပ်မခွာလိုက်လာခဲ့သည်။

"ဒါဘယ်ကပြန်လာတာလဲနိုင်းနတ်ဆေး"

ဦးသော်ကအမေးကိုနိုင်းမဖြေဘဲ အိမ်ကြီးရဲ့အပေါ်ထပ်သို့သာဆက်နေဆဲ..........

"ကြာလေကြာလေ မင်းအမေရဲ့အချိုးတွေနဲ့တူလာလေဘဲ"

ထိုစကားတစ်ခွန်းကြောင့် နိုင်းခြေလှမ်းများရပ်တန့်သွားခဲ့သည်။နောက်ပြန်လှည့်ကြည့်တဲ့နိုင်း ဦးသော်ကရှိရာသို့ပြန်ဆင်းမလာဘဲလှေကားပေါ်မှာဘဲရပ်ကာ သူပြုံးနေကျခနဲ့တဲ့တဲ့အပြုံးတစ်ချို့နဲ့အတူ............

"အမေနဲ့တူတော့.......ကျွန်တော်ကံကောင်းတာပေါ့၊ကျန်တဲ့လူတွေရဲ့အကျင့်နဲ့တူနေရင် အဖိုးလိုဘဲယုတ်မာတက်နေဦးမှာ"

ချွမ်း......

"မင်း"

ဒေါသဖြင့်ကြွေပြားပေါ်မှာစောင့်ချလိုက်တဲ့ဦးသော်ကတုတ်ကောက်ကတော့ နိုင်းနဲ့ဦးသော်ကကြားဓားစာခံဖြစ်၍​အထိနာရပြန်သည်။တော်ဝင်မင်းလုပ်ငန်းစုရဲ့ဥက္ကဌဖြစ်တဲ့သူ့ကို လေးစားတဲ့သူသာရှိ၍နှုတ်ဖြင့်ပင်မစော်ကားရဲ၊မျက်စောင်းပင်တစ်ချက်မထိုးရဲလောက်အောင်အရှိန်အဝါကြီးသူပီပီ မြေးအရင်းဖြစ်သူနဲ့မှသာ ရင့်သီးတဲ့စကားတွေနဲ့စော်ကားခံနေရတဲ့ဦးသော်ကဖြေသိမ့်လို့မရတဲ့ဒေါသမီးများကို ရင်ဝယ်ပိုက်ထားသည့်ပမာပူလောင်ကာအခံရခက်စေသည်။

နိုင်းကတော့ကျေနပ်သည်၊ဦးသော်ကဒေါသထွက်နေလဲသူကတော့မမူ့ ဒေါသထွက်အောင်တမင်ရည်ရွယ်ပြောဆိုခြင်းလဲဖြစ်တာမို့ လှောင်ပြုံးပြုံးနေတဲ့သူ့အပြုံးတွေကအသက်ဝင်သည်။

"အရှိုက်ကိုထိသွားတာလား ဘယ်လိုခံစားရလဲ"

"နိုင်းနတ်ဆေး"

My Lifeblood(complete)Donde viven las historias. Descúbrelo ahora