ရှောင်ကျန့်အထက်တန်းအောင်တော့ တက္ကသိုလ်တက်ရတော့မည်။မားလည်း ကုမ္ပဏီက အလုပ်ထွက်ကာ ရှိတဲ့ငွေနဲ့သာသုံးနေရတာမို့ငွေမလောက်ချင်တော့။ထို့ကြောင့် ရှောင်ကျန့် အချိန်ပိုင်းအလုပ်တွေကိုလုပ်ကာကျောင်းစရိတ်ရှာရသည်။မားကအသက်ကြီးပြီမို့ အလုပ်မလုပ်စေချင်တော့။

ဒီလိုတွေလုပ်နေရလည်းကျောင်းစရိတ်မကာမိတော့နောက်ဆုံးမှာ မားက သူ့ရဲ့မာနတွေကိုခဝါချကာ သားအတွက်ဘယ်တော့မှမဝင်တော့ဟုဆုံးဖြတ်ထားသည့်ကျိုးအိမ်တော်သို့သွားကာ အကူအညီတောင်းရတော့သည်။အဘွးကလည်းမြေးကိုချစ်တော့ ကူညီပေးပါသည်။နှစ်လမှာတစ်ခါလောက်မြေးလေးနှင့်ပေးတွေးပေးလျှင်ရပြီဆိုကာ မားလိုက်လျောပေးခဲ့သည်။

ဒါတွေကိုသူမသိခဲ့။ သူဆေးရုံကဆင်းပြီးသည့်နောက်မှမားကပြောပြခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် အဘွားတို့တွေနှစ်လတစ်ခါအိမ်ကိုလာလာတွေ့တာဖြစ်သည်။ပြိုလဲနေတဲ့စိတ်တို့ကိုမားအတွက်အားတင်းကာ ပြန်တည်ဆောက်ခဲ့သည်။ကျောင်းပြီးတော့ သူကျွမ်းကျင်တဲ့ ပန်းချီဆွဲခြင်းကိုသာလုပ်ကာ အပိုဝင်ငွေရအောင် ပန်းချီသင်တန်းလေးဖွင့်ခဲ့သည်။

အခုတော့သင်တန်းသွားလည်းတစ်ယောက်တည်းမဟုတ်တော့ ။ အကြိုအပို့လုပ်ပေးမယ့်သူရှိခဲ့ပြီလေ။တစ်ချိန်တုန်းကမျော်လင့်ခဲ့ဖူးတဲ့အရာတွေကတစ်ကယ်ဖြစ်လာခဲ့ပြီ။

ရှောင်ဟွားကတော့ အဖေဖြစ်သူရဲ့ရှောင်ကုမ္ပဏီမှာဝင်ကာအလုပ်တွေကိုလေ့လာနေဆဲဖြစ်သည်။ပြီးရင်တော့ ရှောင်ကုမ္ပဏီရဲ့ဥက္ကဌဖြစ်လာမယ့်သူပေါ့။

ကျိုးချန်ကတော့ ကော်ဖီဆိုင်လေးဖွင့်ကာ အေးအေးဆေးဆေးသာဖြတ်သန်းသည်။ဘာလို့တစ်ခြားဝင်ငွေရသည့်အလုပ်မလုပ်တာလဲဟုမေးတော့ ' ငါ့ယောက်ျားဖြစ်လာမယ့်သူက ဒီလောက်ပိုက်ဆံပေါနေတာငါကဘာကိစ္စတစ်ခြားအလုပ်ရှာနေရအုံးမှာလဲတဲ့ 'လေ။

ဟိုက်ခွမ်းကတော့အဲ့စကားနဲ့ကျေနပ်ပြီးအလုပ်တွေအသေကြိုးစားနေလေရဲ့။

ဒီနေ့မှာတော့ အကုန်လုံးအားတဲ့နေ့မို့  စကားပြောကြဖို့ ကျိုးချန်ရဲ့ကော်ဖီဆိုင်ကိုချိန်းကာသာလာခဲ့ကြတော့သည်။ဒါပေမယ့်လည်း အတွဲတွေကြားမှာရှိနေတဲ့ရှောင်ဟွားနဲ့ လီရှင်းဇီတို့ကတော့ နည်းနည်းပျင်းစရာကောင်းတာပေါ့။စကားပြောမယ်ဆိုပြီးသူတို့ကမ္ဘာနဲ့သူတို့သာယာနေကြတဲ့အတွဲတွေကိုကြည့်ကာရှောင်ဟွားကတော့ကျေနပ်နေပေမယ့် လီရှင်းဇီကတော့ မျက်နှာပျက်လာသည်။ထို့ကြောင့် သန့်စင်ခန်းသွားမယ်ဟုပြောကာ ထွက်လာခဲ့သည်။ခဏကြာတော့ရှောင်ဟွားလည်းလိုက်သွားကာ အပြင်မှာစောင့်နေလိုက်သည်။လီရှင်းဇီထွက်လာတော့အံ့ဩသွားဟန်ဖြင့်

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now