" ဒီလိုတွေကြားလိုက်ရတော့ အဒေါ်လည်းစိတ်မကောင်းပါဘူးကွယ် "

" ရပါတယ်အဒေါ် ရှေ့လျှောက်ကျွန်တော်ကောကို စိတ်မညစ်စေရတော့ပါဘူး ကတိပေးပါတယ် "

အခုတော့လည်း အဆင်တွေကိုပြေလို့ ကံတရားကြီးကမလှည့်စားလောက်တော့ပါဘူး။

နောက်တစ်နေ့မှာတော့ အကုန်လုံးကိုခေါ်ကာ ဖြေရှင်းပွဲကြီးကျင်းပရပါတော့သည်။ကျိုးချန်ကိုအတော်ပင်ရှင်းပြလိုက်ရလေသည်။

ရှောင်ဟွားလည်းကူညီကာဖြေရှင်းပေးလိုက်ရသည်။ရှောင်ဟွားရဲ့ fujoshi အတွေ့အကြုံအရ လီရှင်းဇီရဲ့အကြည့်တွေကို နားလည်ခဲ့သည်။လီရှင်းဇီရဲ့ရှောင်ကျန့်ကိုကြည့်တဲ့အကြည့်တွေက အဓိပ္ပါယ်တွေပါသည်။

ထိုနေ့က သွက်လက်တဲ့ ရှောင်ဟွားတစ်ယောက်သူငယ်ချင်းတွေပြန်ရလိုက်သည်။ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်လည်းအဆင်တွေပြေနေတော့ အခက်အခဲတွေမရှိတော့ဘူးလေ ။ဝမ်ရိပေါ်လည်း အဖေဖြစ်သူရဲ့ တာဝန်ကို လက်လွဲယူကာ ကုမ္ပဏီမှာဦးဆောင်နေရပြီ ။ရှောင်ကျန့်ရဲ့အလုပ်ကတော့ ကြီးကြီးမားမားမဟုတ် ။ပန်းချီဆွဲတာပင်။ သူဆွဲတဲ့ပန်းချီတွေတော်တော်များများက လွမ်းဆှေးမှုတှကေို အခြေခံသည်။လူကြိုက်လည်းများသည်။

ရှောင်ကျန့်တို့က လူလတ်တန်းစားတွေမို့လို့ စားဝတ်နေရေးမှာမပူရပေ။မားနဲ့ပါး ကွာရှင်းပြီးလို့ သူအလယ်တန်းကျောင်းသားအရွယ်မှာ အဒေါ်ဖြစ်သူကသူတို့အိမ်ကိုရောက်လာကာ အဖိုးဆုံးပြီဆိုတဲ့သတင်းလာပြောသည်။

အဲ့တုန်းကသူတော်တော်အံ့ဩခဲ့ရတာ။အဖိုးရှိတယ်လို့လည်းမကြားခဲ့ဖူးသလို ဆွေမျိုးရှိတယ်ဆိုတာလည်းမသိခဲ့။မားက အကုန်လုံးနှင့်အဆက်အသွယ်ဖြတ်ထားလေသည်။အဲ့တုန်းကလည်း အဖိုးဆုံးပြီမို့ အိမ်မှာပြန်လာနေရန်ပြောသော်လည်း မားကခေါင်းမာသည်။တစ်ခါထွက်သွားပြီးပြီမို့ လုံးဝပြန်မဝင်တော့ဆိုကာ ငြင်းသည်။ ဒေါ်လေးက မားကို ကျောင်းစရိတ်တွေထောက်ပံ့မယ်ဆိုလည်းမားကလက်မခံပေ။ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်ကာ ပိုတဲ့အချိန်မှာ ပန်းချီဆွဲကာ ငွေရှာခဲ့သည်။လိုတာသုံးပြီးပိုတဲ့ပိုက်ဆံတွေကို ဘဏ်မှာစုသည်။

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now