" ကျွန်တော်နားလည်ပါပြီ ပါး "
" တစ်ကယ်လို့ သားပြန်လာတဲ့အထိ သူကသားအပေါ်မှာ သစ္စာရှိပြီးယုံကြည်နေသေးတယ်ဆိုရင် ပါးဘက်ကတော့ welcome ပါဘဲ "
" ပြန်လာတဲ့အထိ ဆိုတာက "
" သားကို ပါး US မှာကျောင်းတက်ဖို့ပြင်ဆင်ပေးပြီးပြီ "
" ဒီလောက်အချိန်တိုလေးမှာ "
" ဝမ်လေး ပါးကသားအဖေပါ သားအကြောင်းကို ပါးသိခဲ့တာကြာပြီ အဲ့အချိန်ကတည်းက ပါးစဉ်းစားထားပြီးသား "
" ဒါဆို ဘာလို့အခုမှပြောရတာလဲပါး "
" အခုဘဲကြည့်လေ သားတို့အကြောင်းကို ပါးကိုသိစေချင်တဲ့သူပေါ်လာပြီ ဒီလိုလုပ်တာက ဘာသဘောလဲဆိုတာ သားလည်းသိမှာပါ အခုကတည်းက အနှောင့်အယှက်ကရှိလာပြီ ရှေ့လျှောက်လည်းအများကြီးကြုံလာရဦးမှာ သားရှေးခယျြပါ ခဏတာ ပျော်ရွှင်မှုလား တစ်ဘဝစာပျော်ရွှင်မှုလား "
" ဟုတ် ကျွန်တော်နားလည်ပါပြီ "
ရှောင်ကျန့်လည်းမောင့်စကားတွေကြောင့် မာနေတဲ့စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ။မောင့်ကိုသနားတဲ့စိတ်တို့သာကြီးစိုးလာခဲ့သည်။
" မောင်အရမ်းပင်ပန်းခဲ့မှာဘဲ "
" မဟုတ်တာ ကောသာမောင့်ကြောင့် "
မျက်နှာငုံ့ကာ အသံသိမ်ဝင်သွားတဲ့မောင့်ကြောင့် ရှောင်ကျန့်သိလိုက်ပါပြီ။မောင် ဟိုကိစ္စကိုသိသွားပြီဆိုတာ။
" ဖြစ်ပြီးတာတွေကို အတတ်မှာဘဲထားလိုက်ပါတော့မောင် အဲ့တာတွေက အရေးမှမပါတော့တာ "
" မောင့်ကို နားလည်ပေးလို့ကျေးဇူးတင်ပါတယ် ကော မောင်လေ ကော မောင့်ကိုမုန်းသွားမှာကိုတစ်ကယ်ကြောက်နေခဲ့တာ "
" ကော မုန်းလိုက်ချင်ပေမယ့် မုန်းလို့မှမရတာမောင်ရယ် နှလုံးသားရဲ့အနက်ရှိုင်းဆုံးမှာမောင်က နေရာယူနှင့်ပြီးသွားပြီလေ "
" ချစ်လိုက်တာ ကော ရယ် "
" ကောလည်းချစ်တယ်မောင် "
" အဟမ်း အဟမ်း "
ကျိုးချင်း ချောင်းဟန့်လိုက်တော့မှနှစ်ယောက်စလုံးမျက်နှာနီကာ ပြုံးစိစိဖြစ်ကုန်တော့သည်။ဘေးမှာ မအေတစ်ယောက်လုံးထိုင်နေတာတောင် ro နိုင်တဲ့အတွဲပါလေ။
YOU ARE READING
ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- Preg
Fanfictionအိပ်မက်ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား အိပ္မက္ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား Yizhan fanfiction M - Preg
Part 13
Start from the beginning