Just Say "Don't Go"

757 100 28
                                    


Just Say " Don't Go "
KaiHun

တီ တီ တီ တီ တီ

တီ တီ တီ တီ တီ

နှိုးစက်မြည်သံကြောင့် ဂျုံအင် လူးလိမ့်ကာ နိုးလာခဲ့သည်။ မပွင့်ချင်သည့်မျက်လုံးနှစ်လုံးကို အတင်းဖွင့်ကြည့်မိတော့ ကိုးနာရီရှိပြီဖြစ်သည်။ အိုဆယ်ဟွန်း နှိုးစက်ပေးသွားသည်ပဲနေမှာ။ဂျုံအင် မထချင်ထချင်နှင့်ထလိုက်ပြီးနောက် အိပ်ယာပေါ်ပြန်မှောက်လိုက်သေးသည်။

ခုတင်ဘေးမှစားပွဲမှ မြည်လာသည့်ဖုန်းသံကြောင့်
ဂျုံအင် မော့တောင်မကြည့်ပါဘဲ လက်နဲ့လှမ်းယူလိုက်မိသည်။ အိုဆယ်ဟွန်း ဆက်တာဆိုတာ အသေအချာသိသည်။

"ဟယ်လို "

"အိပ်ယာပေါ်က မထရသေးဘူးမလား။ "

အိုဆယ်ဟွန်းက သူ့အကြောင်းကိုသိပ်သိတာပဲ။
ဂျုံအင် ကျေနပ်စိတ်လေးနဲ့ ပြုံးလိုက်မိသည်။

" ထတော့မလို့ပါနော်။ "

ဆောင့်အောင့်အောင့်လေးပြောလိုက်တော့ တစ်ဖက်မှ ရယ်သံသဲ့သဲ့ကိုကြားရသည်။အိုဆယ်ဟွန်းရဲ့အသံလေးက သူ့ရဲ့မနက်ခင်းတေးသံသာလေးပါ။

" ကိုယ် မနက်စာပြင်ပေးထားခဲ့တယ်။ နွှေးစားနော်။ "

သူမနက်စာမစားမှာစိုး၍ အိုဆယ်ဟွန်းက ချိုချိုသာသာလေးနှင့်ချော့ပြောသည်။

" ဟုတ်ကဲ့ပါ ။ စိတ်ချ ။ ခင်ဗျားသာ စာကိုစိတ်ဖြောင့်ဖြောင့်သင် ။ "

ဂျုံအင် အိပ်ယာပေါ်ပြန်လှဲချကာ အိုဆယ်ဟွန်းစိတ်ဖြောင့်အောင်ပြောရသည်။ အိုဆယ်ဟွန်းက သူ့ကိုသိပ်စိတ်ပူတတ်လွန်းသလို သိပ်ကိုဂရုစိုက်လွန်းသည်။ သူ့လိုလူကို သူမတူအောင်ဂရုစိုက်ကြင်နာပြလို့လည်း သူ အိုဆယ်ဟွန်းကို ပိုမိုတွယ်တာခဲ့ရသလားမသိပါ။

" မင်းကိုတော့ ဘယ်တော့မှ စိတ်ချနိုင်မှာမဟုတ်ဘူး။ မင်းအကြောင်း အကုန်သိနေတော့ စိတ်မချနိုင်တဲ့ကိုယ့်ကိုလည်း အပြစ်မတင်နဲ့  ။ ပြေးမကြည့်လည်း မင်းအခု အိပ်ယာပေါ်လှဲနေမယ်ဆိုတာ ကိုယ်သိတယ် ဂျုံအင်နီး  ~"

သူ့ထက်အသက်ကြီးသူပီပီ အိုဆယ်ဟွန်းက အဘိုးအိုပေါက်စလေးလိုလည်း ပျစ်တောက်ပျစ်တောက်ပြောတတ်သေးတာ ။ ပြီးတော့ သူ့ကိုချော့မော့ကာ နားဝင်အောင်ဆိုချင်သည့်အချိန်တိုင်း ' ဂျုံအင်နီး ' လို့ခေါ်တတ်တာလည်း အိုဆယ်ဟွန်းရဲ့အကျင့်လေးဖြစ်သည်။

Just Say " Don't Go" [KaiHun:One Short]Wo Geschichten leben. Entdecke jetzt