Part (1) (သူက ခွေးပေါက်လေးတစ်ကောင်ဖြစ်နေတုန်းပဲ)

6.5K 661 23
                                    

Zawgyi

ရှောင်းကျန့်ခေါင်းက ကိုက်နေကာ ရီဝေဝေဖြစ်နေစဲဖြစ်၏။ သူရောက်နေတဲ့နေရာကို လှည့်ပတ်ကြည့်ရင်း မနေ့ညကအကြောင်းတွေက ခေါင်းထဲတွင် အနှေးပြကွက်လိုပေါ်လာသည်။ ဝမ်ဟောင်ယွီ၏ အကြံအစည်များထဲတွင် ရှောင်းကျန့်အငိုက်မိသွားကာ အရက်စိမ်ဇီးသီးများကို အများအပြားစားခဲ့မိသည်။

" ဝမ်ဟောင်ယွီ! မင်းဘာလုပ်ခဲ့လည်းသိလား ဖအေနဲ့မအေက အလုပ်ရှိလို့ ညပြန်မလာတာကို အခွင့်ကောင်းယူပြီး ငါ့အရက်စိမ်ဇီးသီးတွေခိုးစားတယ်ပေါ့ ၊ ပြီးတော့ မင်းညီလေးက အခုမှခြောက်နှစ် ၊ ကလေးရှေ့မှာ မကောင်းတဲ့အပြုအမူတွေ ဦးဆောင်လုပ်နေတာ မင်းမှာအပြစ်ရှိလား မရှိဘူးလား "

" သားမှားပါတယ် ဖေဖေ အာ့! "

" ဟေ့ကောင် မပြေးနဲ့ "

ဖေဖေ့ ကြိမ်လုံးက ဝမ်ဟောင်ယွီ့ခြေသလုံးတွေပေါ် ကျရောက်လာ၍ ဟောင်ယွီအိမ်တစ်ပတ်ပတ်ပြေးနေရ၏။ ရှောင်းကျန့်ကထိုမြင်ကွင်းကြောင့် နင်သွားသည်။

ဟောင်ယွီကိုပြေးဆွဲရမလား? မဖြစ်သေးဘူး ဟောင်ယွီကိုဆွဲရင် သူပါရောပြီးအရိုက်ခံရမှာ။ ဝမ်ပါးပါးရဲ့ ဒေါသကို ရှောင်းကျန့်သိသည်။ သူဒေါသထွက်နေတုန်းသွားတားရင် ရှီးကျင့်ဖျင်ကိုတောင် တတ်ရိုက်မယ့် လူမျိုး။

" ရှောင်းကျန့် သူငယ်ချင်း ကယ်ပါဦး!! "

ဟောင်ယွီက ရှောင်းကျန့်အနောက် ပြေးပုန်းလာသည်။ ဟောင်ယွီကိုသနားပေမယ့် ရှောင်းကျန့်ရှေ့ရောက်လာတဲ့ ဝမ်ပါးပါးကြောင့် ရှောင်းကျန့် တောင့်တောင့်ကြီးရပ်သည့်အနေအထားဖြစ်သွားသည်။

" လာစမ်း! ဝမ်ဟောင်ယွီ ဘယ်သူ့နောက်မှာမှပုန်းမနေနဲ့ ယောကျာ်းမဟုတ်ဘူးလားကွ ကိုယ်လုပ်တာကိုယ်ခံရဲရမှာပေါ့ "

ဝမ်ပါးပါးက ရှောင်းကျန့်ကိုတစ်ချက်သာကြည့်ပြီး ဟောင်ယွီကိုဆွဲထုတ်ကာ ဖင်ချွတ်ရိုက်တော့သည်။ ရှောင်းကျန့် အရှက်ကြီးစွာနဲ့ပဲ နောက်လှည့်လိုက်တော့ တံခါးဝက​နေ သူတို့ကိုကြည့်နေသည့် အဖြူလုံးလေး။

အိပ်ရာနိုးလာပုံရသည်။ ရွှေရောင်ဆံပင်လေးတွေက ထိုးထိုးထောင်ထောင် ၊ ပါးလေးတစ်ဖက်က ရဲနေ၏၊ ဖိအိပ်ထား၍ နားရွက်လေးတစ်ဖက်ကပင် ရဲနေ၏။

He Called Me Buttercup! ! ( Completed )Where stories live. Discover now