အချစ်များစွာဖြင့် (ဇာတ်သိမ်း)

Start from the beginning
                                    

'အေးကွယ်  ကဲ သား  သွားတော့လေ နောက်ကျနေဦးမယ်´

'ဟုတ်ကဲ့ မေမေ´

ထွက်သွားသော သား၏ မျက်နှာမှာ အပျော်တွေဝေနေတာမို့ ဒေါ်အေးမို စိတ်အေးသွားသည်။

ရောင်နီသည် အမှတ်သည်းခြေကြီးသူပီပီ အမုန်းလည်းကြီးသည်။ထိုအရာတွေအစက အေးမိုသူ့ကို ထားခဲ့တာကြောင့်ဘဲမဟုတ်လားး

ဦးနေလင်းသည် ရုတ်တရက်ပင် သေဆုံးခဲ့သည်။သူမသေခင်မှာတော့  ရောင်နီ့အား ရောင်ခြည့်ကိုခွင့်လွှတ်ပေးဖို့နဲ့ သူ့အပြစ်တွေကို တောင်းပန်ခဲ့သည်။ရောင်နီ ဘာမျှပင်မဆိုရသေးခင်မှာဘဲ  ထွက်သွားလေတော့သည်။ရောင်ခြည်မှာလည်း သူ့၏ အဖေကဲ့သို့ပင် အပြစ်တွေကို တောင်းပန်ခဲ့ပြီး နိုင်ငံခြားသို့အပြီးအပိုင် ထွက်သွားခဲ့လေတော့သည်။

အရင်က စည်ကားပြီးတင့်တယ်လှတဲ့ အိမ်ကြီးမှာလည်း ခြောက်ကပ်နေခဲ့ပြီ။

'မေမေကြီးး´

'ဟင်  သား  ပြောလေရောင်နီ´

'...ဒီနေ့ကျတော့မွေးနေ့  အဲ့တာ ဂေဟာမှာ အလှူလုပ်မလို့ နေ့လည်၁၂နာရီလာခေါ်မယ်လို့´

'အင်း အမေအဆင်သင့်လုပ်ထားမယ်နော်´

'ဟုတ်ကဲ့´

ရောင်ခြည်သည်မေမေ့အား ဟိုသို့ခေါ်ပေမဲ့ မေမေသည် လုံးဝမလိုက်ခဲ့ပေ။အထီးကျန်မယ်သိသဖြင့် တခါတည်းအသိပေးကာ ၀င်ခေါ်လိုက်ဖို့ဆုံးဖြတ်ခဲ့သည်။

မိုးသောက်ပန်းမှာလည်း ရောင်နီနှင့် ရာင်ခြည်နှစ်ဦးဖက်စပ်ဖြစ်ခဲ့ပြီး ရောင်ခြည်မှာတော့ ပြည်ပက ရုံးခွဲမှာသာ အုပ်ချုပ်လေတော့သည်။

ယခု အစည်းအဝေးကား ရှယ်ယာရှင်များ၏ ဥက္ကဌရွေးပွဲဖြစ်သဖြင့် သွားရတော့သည်။ရောင်နီသည် သမီးလေးကိုအိမ်သို့ပြန်ခေါ်လာခဲ့ကတည်းကပင် အလုပ်ကို အိမ်၌ သာ လုပ်တော့သည်။

ထိုသို့ဖြင့် အစည်းအဝေးပွဲကို စတင်လေတော့  နောက်ဆုံး မဲအပြတ်အသတ်နှင့်ပင်  ရောင်နီသည်
ဥက္ကဌ ရာထူး အား ပိုင်ဆိုင်ရလေတော့သည်။ရလဒ်ကို ကြိုသိနေသော ရောင်နီသည် သိပ်စိတ်လှုပ်မရှားလိုက်ရပေ။ဘာလို့ဆို ရောင်ခြည်က အစကတည်းက ရောင်နီအား မဲပေးခဲ့ခြင်းကြောင့်ပင်။

အချစ်များစွာဖြင့် Where stories live. Discover now