"ကျန့်ကျန့် !ဆင်ခြေ ဆင်လက် ဆင်ခြေထောက်တွေ ပေးနေတာ တော်လိုက်တော့ ။ မင်းလုပ်ရမှာက သူ့ရဲ့ ရှေ့မှာ ညည်းရုံ လေးပဲလေ ။ သူ့ရဲ့ရှေ့မှာ မင်းရဲ့အဝတ်အစားတွေကို ချွတ်စရာလည်း မလိုဘူး "

ကျိလီကပြောတဲ့အခါ ကျန်တဲ့ လူတွေအကုန်လုံးက ခေါင်းညိမ့်လိုက်ကြတယ် ။အဲ့ဒီလူတွေထဲမှာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလေးပါ အပါအဝင်ပေါ့။

"ယွီပင်း ။ မင်းကပါ ဘာလို့လဲ ? "
ရှောင်းကျန့်က အော်ဟစ် ညည်းတွားတယ် ။သူ့ကိုယ်သူ လည်း အခင်ဆုံး သူငယ်ချင်းဆီကနေ သစ္စာအဖောက်ခံလ်ိုက်ရသလို ခံစားနေရတယ် ။

"ကျန့်ကျန့် ။ကျိလီ ခိုင်းတဲ့ dare က စိတ်ဝင်စားဖို့ကောင်းပါတယ် ။မင်းလည်း သိရဲ့သားနဲ့ ။ လုပ်မှာသာ လုပ်လိုက်စမ်းပါ "

ယွီပင်းက ရှောင်းကျန့်ကို မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောသည် ။

"သူက သူ့သူငယ်ချင်းတွေနဲ့အတူ ရှိနေတာ လေ "

ရှောင်းကျန့်က ညည်းညည်းညူညူနဲ့ အထွန့်ထက် တက်တယ် ။သူ ဝမ်ရိပေါ် ရှိနေတဲ့နေရာကို လှမ်းကြည့်လိုက်တယ် ။ ပြီးတော့ ချက်ချင်းပဲ ရိပေါ်ဆီကနေ အကြည့် မြန်မြန် လွှဲလိုက်သည် ။ သူကြည့်နေတာ အဲ့ဒီရေခဲတုံး မိသွားမှာ သိပ် သိပ် ကြောက်ပါသည် ။

" ဒါပေမဲ့ အခု သူ့သူယ်ချင်တွေက တခြား စားပွဲမှာလေ ။ သူက သူ့သူငယ်ချင်းတွေနဲ့အတူ ရှိမနေဘူး ။ တခြားနေရာမှာ "

ကျိရန် ပြောလိုက်တယ် ။ဒီ Dare ကို ရှောင်းကျန့်ဘယ်လိုရင်ဆိုင်မလဲ ဆိုတာ ကြည့်ရဖို့ သူ မစောင့်နိုင်တော့ဘူး ။ စိတ်တွေ အရမ်း လှုပ်ရှားနေပြီ ။

ကျိရန်က ဝမ်ရိပေါ် နဲ့ သူ့ရဲ့ သူငယ်ချင်းတွေ ရှိတဲ့နေရာကို လက်ညှိုးထိုးပြီး ပြတယ် ။ သူ့ရဲ့သူငယ်ချင်းတွေကတော့ စားပွဲတစ်ခုမှာ ထိုင်နေပြီး သူကတော့ အားလုံးနဲ့ဝေးရာမှာ ထိုင်ပြီး ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။

ပြီးတော့ ကျိရန်က ရှောင်းကျန့်ကိုလည်း ရှင်းပြနေသေးတယ် ။ဝမ်ရိပေါ်က သူ့သူငယ်ချင်းတွေရဲ့ အဝေးမှာ ရှိနေတယ် ။သူကိုယ်တိုင်က ဝေးဝေးမှာထိုင်ခိုင်းတာလည်းဖြစ်နိုင်တယ် ။ အဲ့လိုမှ မဟုတ်ရင် သူ့ဘာသာသူ တစ်ယောက်တည်းအေးဆေးနေချင်လို့ သူတို့နားကနေ ထွက်သွားတာလည်း ဖြစ်နိုင်တယ် ။ သူ့သူငယ်ချင်းတွေက ခါတိုင်းလိုပဲ ဝမ်ရိပေါ် ကို တစ်ယောက်တည်း လွှတ်ထားလိုက်တယ် ။ ဘာလို့ဆို သူက တခြားသူတွေ နဲ့ skinship ရတာ မကြိုက်ဘူး ။ တစ်ယောက်တည်း နေရတာကို ပဲ သဘောကျ နှစ်ခြိုက်တဲ့ သူမို့လို့။စသဖြင့် ကျိရန်ကတော့ ရှောင်းကျန့်ကို အားကြိုးမန်တက်ရှင်းပြနေသည်။

𝚃𝚑𝚎 𝙷𝚊𝚛𝚍𝚎𝚜𝚝 𝙳𝚊𝚛𝚎  [ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now