အခန်း - ၁

275K 10.5K 3.2K
                                    

Unicode//

"ဘာ! ဘေးနိုရာ မင်း!"

မျက်လုံးကိုစုံမှိတ်လိုက်ပေမဲ့ မည်သည့်နာကျင်မှုမျှရောက်မလာ။ ဘဝမှာတစ်ခါမှမမြင်ဖူးသည့် ကယ်လေး၏ဒေါသကို ပထမဆုံးအကြိမ်မြင်ဖူးခဲ့သည်။ အတတ်နိုင်ဆုံးခေါင်းကိုသာငုံ့ထားမိ၏။

"အငယ် စိတ်လျှော့"

ဒယ်ဒီ့အသံအေးအေးက ကယ်လေး၏ ဒေါသကို တစ်ချက်တည်းငြှိမ်းသတ်နိုင်စွမ်းရှိသည်။ အသက်ရှူသံပြင်းပြင်းက စက္ကန့်ပိုင်းအတွင်းပုံမှန်ပြန်ဖြစ်သွားသည်။

"သား..."

အသံအေးအေးဖြင့်ခေါ်လာသော်လည်း ဒယ်ဒီ့အသံကပုံမှန်လိုနူးညံ့မနေဘဲ လေးနက်စွာ။

"ဟုတ်ကဲ့"

"ပန်းသွေးတို့သိပြီးပြီလား"

"မေမေတို့ကိုမပြောရသေးပါဘူး ဒယ်ဒီ...ပြောလိုက်ရင် မေမေမူးလဲသွားမှာစိုးလို့"

"ဪ ဒါတော့ မင်းခေါင်းထဲမှာရှိသေးတာပဲ"

ကယ်လေး၏ ငေါ့တော့တော့အပြောကြောင့် ငြိမ်နေလိုက်ရသည်။ အားလုံးထက် ကယ်လေးကိုပိုကြောက်သည်။ ခေါင်ကိုထိနိုင်ရင် အကုန်သိမ်းလို့ရပြီမလို့သာ ပထမဆုံးထုတ်ပြောခြင်းပင်။

"ဘယ်မှာလဲ မင်းပြောတဲ့ကလေးတွေက"

ကယ်လေး၏လေသံကို Scanဖတ်ကာ စိတ်အခြေအနေကိုစစ်ဆေးပြီးနောက် စားပွဲပေါ်တွင်တင်ထားသောဖုန်းကိုယူကာ နံပါတ်တစ်ခုကိုနှိပ်ကာခေါ်လိုက်ပြီး...

"ကလေးတွေကိုခေါ်လာခဲ့"

မကြာခင် ခြေသံတစ်ချို့ကိုကြားလိုက်ရသည်။ လှည့်မကြည့်မိခင်မှာပင်...

"ပါပါး..."

ခေါ်သံကြောင့် သူထရပ်မိတော့မလိုဖြစ်သွားပေမယ့် ကယ်လေးမျက်လုံးတွေကြောင့် ကိုယ်ရှိန်သတ်လိုက်ရသည်။
ကယ်လေးကဆုံးမနိုင်လွန်း၍ စုန်းမကြီးလို့သူငယ်ငယ်ကကြိတ်ခေါ်ဖူးသည်။ ကယ်လေးသူ့ကိုချစ်တာသိသည်။ သူလည်းကယ်လေးကိုချစ်တာပင်။

ကယ်လေး၏ အကြည့်တွေကိုမခံနိုင်တော့တာကြောင့်...

"ဟီး..."

တည်Where stories live. Discover now