အပိုင်း ၁၅

Start from the beginning
                                    

"ဒုတိယအကြိမ်မှားပြီးရင်တော့ ကိုကို ကျွန်တော့်ကို ချစ်လာမှာပါ"

"ဝမ်ရိပေါ်! တော်တော့ ... မင်းလုပ်ရပ်တွေက ကောင်းတယ်ထင်နေတာလား ... ငါဖြစ်နေလို့ပေါ့ ... တခြားသူတွေဆို ငါမတွေးရဲအောင်ပဲ"

"ကိုကိုဖြစ်နေလို့ ကျွန်တော်လည်း ဒီလုပ်ရပ်ကို လုပ်တာ ... ညီအစ်ကိုပြန်ဖြစ်လို့မရတဲ့ ကိစ္စတွေကို ဖန်တီးကြမယ်လေ ... အရင်တစ်ခါက မတော်တဆမှားခဲ့တာ ... အခုတမင်သက်သက်မှားကြမယ် "

စကားသံအဆုံး ရိပေါ်က သူ့အနားကပ်ကာ သူ့အောက်ပိုင်းကို ပွတ်သပ်သည်။ အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုနဲ့အတူ နှလုံးသားထဲမှ နာကျင်လာ၍ မျက်ရည်တို့က သူ့ပါးပြင်ပေါ်စီးဆင်းကုန်၏။
နူးညံ့ဖြူစင်လွန်းတဲ့ သူ့ညီငယ်လေးကို သူကိုယ်တိုင်ပဲ အရောင် ဆိုးပစ်ခဲ့တာ ။ သူ အသုံးမကျလို့ ...သူသေချာ မထိန်းသိမ်းနိုင်ခဲ့လို့ မှားယွင်းမှုတွေဟာ ဖြစ်တည်လာခဲ့တာ။
တစ်ခါမှားပြီးပြီ ဆိုတိုင်း ထိုအမှားကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့မှ မသင့်လျော်လေဘဲ ။

"မင်းကို ငါ မမုန်းမိခင် ထွက်သွားလိုက် ရိပေါ်"

"ဘာလို့လဲ ကျွန်တော့်ကို မလိုချင်လို့လား ... "

"ငါမင်းကို ညီလေးတစ်ယောက်ထက် ပို မချစ်နိုင်ဘူး ... ! မင်းရှေ့ဆက်တိုးမယ်ဆိုရင် ငါမင်းနဲ့ အဝေးဆုံးကို ထွက်သွားပစ်မယ်"

သူ့စိတ်ထဲကမပါတဲ့ စကားတွေဖြင့် ရိပေါ်ပုခုံးကို ခပ်ကြမ်းကြမ်းဆွဲလှုပ်ရင်းပြောလိုက်တဲ့ အခါ ရိပေါ်ကရယ်သည်။
တကယ်ဆို ငိုချပစ်ရမှာ ...။ အရင်ကလိုပဲ သူဆူတဲ့အခါ ရိပေါ်ငိုတာကိုပဲ သူလိုချင်သည်။
အခုလို မျက်ရည်တွေဝဲပြီး ဟက်ဟက်ပက်ပက်ရယ်မောနေသည့် ရိပေါ်ဟာ သူ့ညီငယ်လေး မဟုတ်ပါ။

"ကိုကိုက အမြဲ ခြိမ်းခြောက်တယ် ... ကျွန်တော်ကိုကို့ကို ချစ်ပါတယ်ဆိုတာကို ကိုကိုက မယုံဘူး"

"မယုံဘူး ... ပြီးတော့ ပြန်ပြီးတော့လည်း မချစ်နိုင်ဘူး ... မင်းက ငါ့ညီလေးပဲ ... ငါသေသွားရင်တောင် မင်းကငါ့ညီလေးအဖြစ်နဲ့ပဲ ကျန်ခဲ့မှာ"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now