"ကိုကိုနဲ့ အိပ်မယ် ဒီည ... မနက်ဖြန် Schedule မရှိဘူး"

"ကိုကိုကတော့ မင်းနဲ့ မအိပ်ချင်ဘူး"

ရှောင်းကျန့် အပေါ်ကုတ်ကို ချွတ်ရင်းပြောတော့ ရိပေါ်က သူ့အနားပိုတိုးပြီး ပြန်ဖက်ထားသည်။

"ကိုကို့ကိုလွှတ် ရိပေါ်"

"ဘာလို့လဲ ... ကိုကို့ကို ကျွန်တော်ချစ်ပါတယ်ဆို"

"ခဏ စိတ်ကစားတာပါ ရိပေါ် ... ကိုကိုနဲ့ ဝေးဝေးနေလိုက် အဆင်ပြေသွားလိမ့်မယ် ... မင်းကငယ်ပါသေးတယ်"

"မဟုတ်ဘူး ... ကိုကို့ကို အတည်ချစ်တာ ... ကိုကို့ကို ကျွန်တော် တကယ်ချစ်တာ"

သူ သက်ပြင်းရှည်တစ်ချက်ကို ချပြီး ရိပေါ်လက်တွေကို ဒုတိယအကြိမ်ဆွဲဖြုတ်ပစ်လိုက်သည်။

"ကိုကိုကမင်းကို ညီလေးထက်မပိုဘူး"

"ကျွန်တော်တို့ ညီအစ်ကို အရင်းမှမဟုတ်တာ !"

"ကိုကိုကတော့ မင်းကို ညီအရင်းလိုပဲသဘောထားတယ် ရိပေါ် "

မျက်ရည်တွေဝဲတက်လာတဲ့ ရိပေါ်က မငိုချဘဲ ထိုင်နေရာမှ ဝုန်းခနဲ ထ၍ အင်္ကျီကြယ်သီးတွေကို ဖြုတ်သည်။

"ဘာလုပ်တာလဲ ရိပေါ်"

"မနက်ဖြန် Schedule မရှိတော့ ကိုကိုနဲ့ အိပ်မလို့လေ .. ကျွန်တော်စိတ်ကစားနေတာမဟုတ်ဘူးဆိုတာကို ကျွန်တော့်ခန္ဓာကိုယ်ပါပေးပြီး သက်သေပြပေးမယ် ... ကိုကိုနဲ့ ကျွန်တော်လည်း အရင်ကတစ်ကြိမ်မှားခဲ့ပြီးပြီပဲ ... အဲ့ ညီအစ်ကို ဆိုတာကြီးကို မေ့ပစ်လိုက်"

ပြောရင်းဖြင့် အင်္ကျီကို အဆုံးထိချွတ်ကာ သူ့အနီးအနားကို တိုးကပ်လာသော ရိပေါ်ကြောင့် သူအပြင်ထထွက်ဖို့ လုပ်ရသည်။
မဟုတ်ရင် ရိပေါ်ကို သူထထိုးမိတော့မည်။

"ဂျောက်!"

ဂျက်ချသံနဲ့ အတူ ရိပေါ်ဟာ မျက်ခုံးပင့်လျက် သူ့ကို ခပ်ပြုံးပြုံးကြည့်သည်။ အရင်က သူချစ်ရတဲ့ ကလေးလေးက အများကြီးပြောင်းလဲ သွားခဲ့ပြီ။
ရိပေါ်အား ငေးကြည့်ရင်း ရင်ထဲ ပူလောင်လာကာ ဒေါသကြောင့် လက်တွေပါတုန်ယင်လာ၏။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now