အပိုင်း(၂၃)

Start from the beginning
                                    

လေပြေ့လောက်အရေးမပါဘူးတဲ့. မောင်ပြောနေကျစကားလေး။

အဲ့လိုအခါမျိုးတွေမှာ ပိုင်ကလဲ မောင့်လောက်အရေးမပါပါဘူးကွယ် လို့ ရင်ထဲကခပ်တိုးတိုးလေးရေရွတ်မိ၏။

ကြေပြီမလား မောင်. ငါတို့နှစ်ယောက်ရဲ့ဖောက်ပြန်မှုတွေက တူတူပါဘဲ။

ကွာခြားတာဆိုလို့ မောင်ကလူသိရှင်ကြားဖောက်ပြန်ပြီး ငါကခိုးဝှက်ဖောက်ပြန်မိတာလေးပါဘဲလေ..။

... 💜 ...

"Happy birthday to you ပါ လေပြေ"

အေးချမ်းမှုတွေလွှမ်းခြုံတဲ့ ဒီဇင်ဘာရဲ့ညတစ်ညတွင် လေပြေ့ကိုမြတ်နိုးစွာကြည့်ရင်းဆိုလာတဲ့ပိုင့်အသံဟာ ကြည်နူးမှုအပြည့်။ ရှေ့ကချောကလက်ကိတ်လေးပေါ်မှ ဖယောင်းတိုင်ကိုမှုတ်ရင်း ဆုတောင်းမိတာ.

'ချစ်ရတဲ့မောင်တစ်ယောက် အစစအရာရာအဆင်ပြေပါစေ'

မှိတ်ရာမှဖွင့်ဟလာတဲ့မျက်၀န်းပြာတွေကို ပိုင်မြတ်နိုးစွာငေးစိုက်ကြည့်နေမိ၏။ မကြာခင်ပိုင်ဆိုင်ရတော့မယ်ဆိုတဲ့အသိက သူ့ရင်ကိုအလုံးစုံနွေးထွေးစေသည်။

"ကျေးဇူးပါ အကို"

၁၂နာရီကျော်ရုံနဲ့စကျင်းပတဲ့မွေးနေ့ပွဲလေးဟာ နှစ်ယောက်တည်းပေမဲ့ နွေးထွေးနေခဲ့၏။ မွေးနေ့ရက်ကို မောင်နဲ့တူတူဖြတ်သန်းမှာမလို့ ပိုင်ကပင်အလိုက်သိစွာကြိုစီစဉ်ခဲ့ခြင်း။ ပိုင်ဟာ လေပြေ့အပေါ်ကိုဆို အစွမ်းကုန်လိုက်လျောနိုင်ရှာသူ.။

"ညီ ပျော်ရင်ရပါပြီ"

အသေးစားမွေးနေ့ပွဲလေးကျင်းပပြီးနောက် သူ့ဘယ်ဘက်လက်ပေါ်ဆင်မြန်းလာတဲ့နာရီအနက်လေး.။ ကျေးဇူးတင်ကြောင်းပြောမိတော့ နာရီကြည့်တိုင်း သူ့ကိုသတိရဖို့သာတောင်းဆိုလာ၏။

"ကိုယ့်ကို လက်ထပ်မယ်မလား"

မှောင်မိုက်တဲ့ကောင်းကယ်ပေါ်က ကြယ်လက်လက်‌လေးတွေကိုငေးမောနေရာမှ ထွေးပွေ့ထားတဲ့ပိုင့်ဆီကို လေပြေမော့ကြည့်မိ၏။ ပိုင့်ရင်ခွင်ထဲခေါင်းလေးမှီနွဲ့ချရင်း ခပ်ရေးရေးပြုံးလိုက်ကာ

"မစောလွန်းဘူးလားဟင်"

"ပြောပြီးသားကိုကွာ. ညီ ၁၈ပြည့်တာနဲ့လက်ထပ်မယ်လို့"

မောင့်လေပြေ (Completed)Where stories live. Discover now