အချစ်များစွာဖြင့် (အပိုင်း၁၉)

Start bij het begin
                                    

ထိုသို့ဖြင့်သာ နေ့ရက်တွေပြောင်းရွေ့သွားတယ် ပြက္ခတင်လေးတစ်ရွက်လည်း နောက်တစ်ရွက်သို့ကူးပြောင်းခြင်းခံလိုက်ရတယ်
ဟုတ်တယ် ကိုကိုလည်းပြန်မလာတာ ၁လကျော်ပြီ အကြောင်းပြချက်တော့ ပရောဂျက်အသစ်တစ်ခုကြောင့်တဲ့။

အဲ့တာကြောင့်  နှောင်းလည်းအိမ်မှာနေရင်း အတွေးတွေလည်း အများကြီးဝင်နေမိတယ်။ ကိုကို့မှာ နောက်တယောက်များ...မဟုတ်လောက်ပါဘူး ကိုကိုက ငါ့ကိုသိပ်ချစ်တာကို  ဟုတ်တယ် ငါအတွေးလွန်နေတာဘဲ။

အတွေးများကိုရုတ်သိမ်းရင်း အိမ်ပေါ်ပြန်တက်ရန် ခြေလှမ်းလိုက်တော့ ကားရပ်သံကိုကြားရသဖြင့် ကိုကိုများပြန်လာတာလားဟု အပြေးထွက်ကြည့်လိုက်သော်လည်း ဧည့်သည်မှာ မမျှော်လင့်ထားတဲ့သူ ဖြစ်နေလေသည်။

' ရောင်ခြည်! ဘယ်လိုလုပ်ရောက်လာတာလဲ´

'အင်း ငါခရီးသွားပြီးပြန်လာတာ နင့်အတွက် လမ်းမှာ နင်ကြိုက်တဲ့ ထိုးမုန့်ဝယ်လာပေးတာ´

'အော်  အင်း နောက်ဆိုမလာနဲ့ ငါ့ဘာငါလည်းဝယ်စားနိုင်တယ်လေ´

'အင်း  အိမ်ထဲကို မဖိတ်တော့ဘူးလား´

'ငါတကယ်တော့ အမှန်အတိုင်းပြောရရင် မဖိတ်ချင်ဘူး လူတွေအမြင်မှာလည်း မသင့်တော်ဘူးလေ´

'အဲ့ဒါ နင့်အတွေးလေ လူတွေအမြင်မှာတော့ ငါက ငါ့မရီးဆီလာတာလေ ဘာမှားနေလို့လဲ´

နှုတ်ကလည်း ပြောရင်း အိမ်ထဲဝင်သွားသူကြောင့် နှောင်း အောင့်အင်းကာ နေလိုက်တော့သည်။ ခနနေပြန်တော့မယ့်သူဘဲ...

'ဒါနဲ့ သူ့ကိုတကယ်ချစ်မိနေတာလား မဟုတ်ဘူး တကယ်ချစ်တာလား´

'အင်း မေတ္တာဆိုတာ ဆရာင်ပြန်ဟပ်တယ်တဲ့ သူလည်းငါ့ကို ချစ်ခဲ့သလို ငါလည်း သူ့ကို အစွမ်းကုန် ချစ်ပေးတော့ဖို့ စိတ်ဆုံးဖြတ်ထားပြီးသား  အဲ့တော့ နင့်ကိုတွေ့နေရတာ ငါ့အတွက်အဆင်မပြေဘူး ´

'ဟက်..သေရောသေချာရဲ့လား  သူနှောင်းကို ချစ်တယ်ဆိုတာ  ငါတော့မထင်ဘူး  ငါ့အမြင်မှာ သူနှောင်းကို အသုံးချနေတယ်လို့ဘဲမြင်မိတယ်´

အချစ်များစွာဖြင့် Waar verhalen tot leven komen. Ontdek het nu