အပိုင်း-၂

ابدأ من البداية
                                    

ဒီလောက်တောင် ဒုက္ခပေးတဲ့ဂျွန်ဂျောင်ကုအားမုန်းချင်ပေမဲ့ နှလုံးသားကမမုန်းနိုင် သူ့ကိုတွေ့တိုင်း ထထခုန်တတ်တဲ့ ရင်ဘက်ထဲကအကောင်ကို ထုတ်ပြီးလွှင့်သာပစ်လိုက်ချင်ပါတယ်။
_________________형______________

တစ်ဖက်ကကောင်လေးကတော့ ဂျီမင်ဟျောင်းမွေးနေ့မလို့ သူကျောင်းများလာမလားဆိုတဲ့အတွေးလေးနဲ့ ဂိတ်ဝမှာလာစောင့်နေစဉ် အလယ်တန်းတုန်းကကြိုက်ခဲ့တဲ့ Crush အီဂျီအွန်း Nonar ကစကားလာပြောသည်မို့ ဟျောင်းကိုစောင့်ရင်း မျက်နှာချင်းဆိုင်ပြီး စကားပြောနေရင်းမှ ဖျက်ကနဲလှမ်းအကြည့် ဟျောင်းက ထယ်ယောင်းဟျောင်းရဲ့ရင်ခွင်ထဲဝင်ပြီး ဟျောင်းအားကြည့်နေရင်းမှတစ်ဖြည်းဖြည်းစိတ်တိုလာရသည်။

ဘာလို့အမြဲ ကင်ထယ်ယောင်းရင်ခွင်ထဲမှာပဲငိုနေရတာလဲဟျောင်းရယ် အခုမှနောင်တရတယ်ဆိုပြီးဟျောင်းကို ကျွန်တော်ကြိုက်နေပါတယ်လို့ဖွင့်ပြောဖို့ကိုလည်းမာနကလက်မခံ ကျွန်တော်တကယ်ရူးတော့မယ် ဂျီမင်ရှီ ...
__________________________

ထယ်ယောင်းလည်းဂျီမင့်ကိုချော့ပြီး အတန်းထဲသို့မရရအောင်ခေါ်လာရတော့တယ်၊ မဟုတ်ရင် မင်က အိမ်ပြန်မယ်ဟုသာအော်နေသည် သူကျောင်းမတတ်တာတစ်ပတ်တောင်ရှိပြီမဟုတ်လား။ ဂျီမင်ကစာညံ့တဲ့သူတွေထဲမှာမပါသလိုအရမ်းအညံ့ကြီးထဲမှာလည်းမပါပေ။သူနဲ့အတူစာလုပ်စရာသူငယ်ချင်းဆိုလို့ဂျီမင်တစ်ယောက်ပဲရှိတယ်မလား၊သူတစ်ယောက်ထဲစာလုပ်ရတာပျင်းစရာကောင်းတာမလို့ ဂျီမင်နဲ့အတူဒီနေ့စာပြန်လုပ်ချင်နေပြီ၊ပြီးတော့သူ့ကိုဒီနေ့ပြောစရာရှိပါသေးသည်။

အတန်းထဲရောက်ထဲက ဘေးနားဝင်ထိုင်ပြီးငိုင်နေတဲ့ဂျီမင်ကြောင့်သူဘာဖြစ်လာတယ်ဆိုတာကိုမေးမှဖြစ်တော့မယ်ဟုတွေးကာ ဂျီမင်ရဲ့ပုခုံးအာဖက်ကာ"ဂျီမင်ဘာဖြစ်နေတာလဲ အရင်ငါ့သူငယ်ချင်းကဒီလိုမဟုတ်ပါဘူး ဘာတွေစိတ်ညစ်နေတာလဲဘေဘီ"

မင်ကသူ့အားမျက်စောင်းလေးထိုးကာ "ဘာကိုဘေဘီလည်း ထယ်ယောင်းရှီ ငါမင်းထက်အကြီးနော်ပြီးတော့ ငါဘာမှမဖြစ်ပါဘူး ဒီအတိုင်းခေါင်းမကြည့်လို့"မင်ကပြောတော့လည်းသူကမယုံသလိုလကြည့်ကာ"တကယ်နော်"‌လို့မေးတော့

ʜ .ʏ . ᴜ . ɴ . ɢ...♡︎حيث تعيش القصص. اكتشف الآن