အပိုင်း(၁၉)

Start from the beginning
                                    

ဒါဟာ သားအတွက်လဲပါသလို. သူမအတွက်လဲပါပါသည်။ သူမကတစ်လှည့်ရှာဖွေကျွေးမွေးပြီးပြီမို့ သားဟာလဲတစ်လှည့်၀င်ထမ်းသင့်ပြီဟု အတ္တကြီးစွာဘဲ သူမဆုံးဖြတ်မိတယ်။

ပြီးတော့ ပတ်၀န်းကျင်မှာအရှက်ကွဲရစေမယ့်ဖြစ်ရပ်မျိုးကိုကျူးလွန်နိုင်လာတဲ့သားကို. ကောင်းကျိုးကိုမပေးတဲ့ကောင်လေးဘဲလို့ စိတ်ပျက်စွာတွေးရင်း သူမအတွေးတွေကိုနိဂုံးချုပ်လိုက်မိ၏။

... 💜 ...

ရုပ်ရှင်ရုံအတွင်းမှ အတွဲတန်းရဲ့‌ရှေ့နှစ်တန်းလောက်မှာ သူတို့နှစ်ယောက်ရှိနေခဲ့၏။ ရပ်ကွက်နားကရုပ်ရှင်ရုံဘဲမို့ အေးအေးလူလူ ၉နာရီအချိန်ကိုလဲ လက်မှတ်ဖြတ်ထားခဲ့သည်။ အပြန်မှာ စက်ဘီးနဲ့ပြန်မှာဖြစ်ပြီး ပိုင့်အိမ်မှာဘဲအိပ်ဖြစ်ကြမှာပင်။

ပိုင်က မုန့်နဲ့ Cola ၀ယ်ယူပြီး လေပြေ့ထံမုန့်အထုပ်လိုက်ပေးကာ သူက Colaတစ်ခွက်ကိုသာ  အေးဆေးစွာသောက်ရင်း ပိတ်ကားထက်ကိုလှမ်းကြည့်နေခဲ့၏။ လေပြေက မုန့်အကုန်စားပြီးချိန်မှာ အိပ်ချင်တဲ့အကျင့်ကစလာပြန်လေပြီ။

လူသတ်အက်ရှင်ကားကို ပိုင်ကသိပ်စိတ်၀င်စားပေမယ့် လေပြေက ကာတွန်းကားလောက်သာစိတ်၀င်တစားကြည့်တတ်သူမို့ အိပ်ချင်စိတ်သာကြီးစိုးနေခဲ့၏။

အိပ်ချင်ပြေစေရန် ခေါင်းလေးကိုဇွတ်ခါပြီး ဟိုဟို၊ ဒီဒီကြည့်ရန်ပြင်ခိုက် စိတ်ကတစ်မျိုးဖြစ်လာတာမို့နောက်လှည့်ကြည့်မိတော့ Shirt လက်ရှည်အပြာရောင်လေးကိုလက်ခေါက်၀တ်ထားခဲ့သောခွန်ပြည့်.. သူရဲ့ပုခုံးစွန်းလေးပေါ်မှာ လှပနုနယ်သောမိန်းမလှတစ်ယောက်က လျော့ရဲရဲမှီနေခဲ့၏။

ခွန်ပြည့်ဟာ လေပြေ့ကိုပင်မမြင်နိုင်လောက်အောင် ထိုအမျိုးသမီးရဲ့ဝဲကျနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးရင်းအလုပ်ရှုပ်နေခဲ့၏။ လေပြေကြောင်နစွာငေးစိုက်နေမိချိန်မှာပင် ခွန်ပြည့်ခေါင်းလေးက ရှေ့ဘက်လှည့်လာတာမို့ ကြောက်လန့်စွာ ခေါင်းလေးပြန်လှည့်လိုက်မိ၏။

"ဘာဖြစ်လို့လဲ လေပြေ"

"ဟင့်အင်း.. နာမည်မခေါ်နဲ့ အကို"

မောင့်လေပြေ (Completed)Where stories live. Discover now