အပိုင်း ၁၄

Start from the beginning
                                    

"ရိပေါ်က အကိုဝမ်ယန်ရဲ့သားပဲ ..."

       သူ လူသတ်တာ မြင်တာတောင် မတုန်လှုပ်သည့် ကျိုးချန်က သူ့နောက်ဆုံးပြောလိုက်တဲ့ စကားကိုတော့ သိပ်ကို အံ့ဩသွားဟန် ...။ ကျိုးချန်လို လူမျိုးကိုတော့ သူဘာမှ မထိမ်ချန်ထားချင်ပါ ။

"ဒါကြောင့် ဟောက်ရွှမ်းနဲ့ငါသဘောမတူခဲ့တာ ... အကိုယန်ကလည်း သူ့သားမှန်းသိလို့ ငါ့ကို လက်ထပ်ခဲ့တာပဲ ... ပြီးတော့ အခုငါဦးစီးနေတဲ့လုပ်ငန်းတွေက ရိပေါ်အပိုင်တွေ ... အကိုယန်က ရိပေါ် ၂၂နှစ်ပြည့်မှပြောဖို့ စာချန်ခဲ့တယ်"

"ဘာတွေလဲကွာ  ... ရိပေါ်က အကိုယန်ရဲ့သားတဲ့လား ... "

"အင်း ... ရိပေါ်ကငယ်သေးတယ် ... ရိပေါ်လက်ထဲသာ အခုထည့်ပေးလိုက်ရင် အကိုယန့်အမက ပြန်ပြီး ယူသွားနိုင်သလို ရိပေါ်အတွက်လည်း အန္တရာယ်များတယ် ... ရိပေါ်က မကြံ့ခိုင်ဘူး ... ဒါကြောင့် ငါထွက်သွားလို့မရသေးတာ "

      ဒီညမှာပဲ ကျိုးချန်သက်ပြင်းချနေတာ ဘယ်နှခါမှန်းမသိတော့ ...။ သူအခုမှတွေးမိသည် ...။ သူဌေးလျိုရဲ့ မိတ်ဆက်ပေးမှုကြောင့် ကျန်းအုပ်စုကလည်း သူတို့အနီးအနားမှာ ရှိနေသည့်အတွက် အခုချိန်တော့ အကုန်လုံးကို ထုတ်ပြောလို့မရသေး ...။

"ဒီကိစ္စကို ဘယ်သူသိသေးလဲ"

"အကိုယွီချန် နဲ့ ငါတို့နှစ်ယောက်ပဲ သိတယ် ... "

"ရိပေါ်ကိုတော့ပြောပြသင့်တယ်လို့ငါထင်တယ် ... အပြင်လူတွေမသိတာတောင်မှ ရိပေါ်သိထားရင် ပိုရှုပ်မလာတော့ဘူး"

"သူ့အဖေအရင်းကို ငါသတ်ပစ်ခဲ့တာလေ ... ငါသတ်ပစ်ခဲ့တာ ကျိုးချန်ရဲ့ ... သူငါ့ကို ပိုမုန်းသွားလိမ့်မယ် လူတွေဘယ်လောက်ထိုးနှက်ထိုးနှက် ငါခံနိုင်ပေမယ့် ရိပေါ်လေးရဲ့ အမုန်းကိုတော့ ငါခံနိုင်မှာမဟုတ်ဘူး"

       ကျိုးချန်ဟာ ဘာမှဆက်မပြောတော့ဘဲ အခန်းထဲက ထွက်သွားဖို့လုပ်သည်။ အခန်းတံခါးနားရောက်ခါနီးမှ သူ့ဘက်ကို ပြန်လှည့်လာကာ သူ့မျက်လုံးကို သေသေချာချာ စူးစိုက်ကြည့်၏။

"မင်း ... ရိပေါ်လေးအပေါ် အကိုတစ်ယောက်ထက် ပိုနေခဲ့တယ်မလား"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now