💙💙💙💙💙


💙💙💙💙💙

Unicode

ကျိုးချန် အိမ်ရောက်တော့
ထိုလက်ဆောင်ဘူးကို
ခုတင်ပေါ်တင်ထားလိုက်ပီး
ချေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်ပီး
အိမ်ရောက်ထပ်ဆင်းလာလိုက်သည်...

ညစာစားဖို့ အင်း ဒီနေ့လဲ
ညစာကို တယောက်ထဲ
စားရအုံးမှာလား...

သူမိသားစုနဲ့ အတူတူ ထမင်းစားရဖို့
တစ်လမှာတခါတောင် ကျန်းချန်
အတွက် မဖြစ်နိုင်တဲ့ ကိစ္စပါ...

အချိန်တိုင်း အလုပ်ကိစ္စ နဲ့
ဖြစ်စေ အပျော်သဘောနဲ့
ဖြစ်စေ ခရီးထွက်နေကြသော
မိဘနှစ်ပါးနဲ့ အိမ်ထောင်
ကျသွားပီဖြစ်သော အမ...

ဒီအိမ်ထဲမှာ သူ တယောက်ထဲ...

ကျိုးချန် ညစာစားဖို့ ထမင်း
စားပွဲတွင် ဝင်ထိုင်လိုက်သည်...

"သခင်လေး ဒီနေ့ သခင်မလေးက
သခင်လေးအတွက် ကြာစွယ်
စွတ်ပြုတ်လေး ပို့ပေးထားတယ်
အက်တာနဲ့ အဒေါ်လဲ ငါကင်လေး
လုပ်ပေးထားတယ် ပီးတော့
အရံဟင်းလေးတေပဲ လုပ်ထားတယ်
အဆင်ပြောရဲ့လားမသိဘူး"

ထမင်းခူးပေးရင်းပြောလာသော
အိမ်တော်ထိန်း ယွင်...

"ဟုတ် ကျနော် အဆင်ပြေပါတယ်
ကျဲရဲ့ လက်ရာမစားရတာကြာပီ
အဒေါ်ယွင်ရော ညစာစားပီးပီလား"

"စားပီး ပါပီ သခင်လေး"

"ဟုတ် "

ကျိုးချန် ညစာစားလိုက္ပီး
အိပ်ခန်းကို ပြန်လိုက်သည်...

စာလဲကျက်ချင်စိတ်မရှိတော့တာမို့
အိပ်ရာပေါ်တွင် တင်ထားသော
ဘူးကို သတိရကာ ဖွင့်ကြည့်လိုက်သည်...

ဘူးအဖုံးကို ဖွင့်လိုက်တော့
ဘူးထဲက ခရမ်းရောင် ကြယ်လေးတေနဲ့
အတူထည့်ထားတာက...

.စာအုပ်တအုပ်...

.စာတစောင်...

.ချောကလပ်တဘူး...

"ဘသူပေးတာလဲ"

ကျိုးချန် စာကို ဖွင့်ကြည့်လိုက်တော့...

{Hi ခရမ်းရောင်လေး လျှပ်စီးလေး
မင်းအတွင် အသုံးဝင်မယ်ထင်လို့
ဒါပေမယ့် မင်းက တော်ပီးသားပါ
စာအုပ်ထဲက ပါတဲ့ ဟာတေကို
ပိုပီးကြည့်ထားပါ စာမေးပွဲ အတွက်
Fighting နော် ချောကလပ် စား
ဉာဏ်ကောင်းတယ်တဲ့.. Try//}

ယုံသင့်လား... မယုံသင့်ဘူးလား...
ဒါပေမယ့် အကျိုးမရှိတောင် ငါ့အတွက်
အကျိုးမယုတ်ပါဘူးလေ...

ကျိုးချန် ထိုစာကို ဘူးထဲ
ြဲပန်ထည့်လိုက်ပီး
စာအုပ္ကိုယူလိုက္ကာ
ထိုထဲမွ သူမ်ားကို
ကြည့်လိုက်တော့ အားလုံးက
သူရပီးသားတေပါပဲ...

ကျိုးချန် စာအုပ်နဲ့စာကို ဘူးထည့်ထဲကာ
ဘီရိုထဲ ထည့်သိမ်းထားလိုက်သည်
ချောကလပ် ဘူးကိုတော့ စာကြည့်
စားပွဲပေါ်တင်ထားလိုက်သည်...

*အရေးမပါတာတေ*ဟုသာ
တွေးလိုက်ပီး ခနတာ ဖုန်းကြည့်ပီး
အိပ်ရာဝင်လိုက်သည်...

....................

တရက်တရက်နဲ့ ဟိုက်ခွမ်း  တို့
အထက်တန်း နောက်ဆုံးနှစ်တွေ
စာမေးပွဲ ဖြေပြီးသွားကြသည်...

ကျောင်းပိတ်သွားတော့
ကျိုးချန် ကို တွေ့ဖို့လဲ သူ့အတွက်
မလွယိကူတော့ပါ...

အဆင်ပြေပါတယ်အချိန် ခနတာပဲ
တသက်လုံးစိတ်ချမ်းသာအောင်
ထားပေးမှာမို့...

ပြင်ဆင်ခွင့်ပေးခဲ့တဲ့
ကံကြမ္မာကို လဲ အရမ်း
ကျေးဇူးတင်မိတယ်...

သငယ်ချင်းတွေ မိသားစုနဲ့သာ
ကျောင်းပိတ်ရက် အချိန်ကို
ကုန်ဆုံးစေလိုက်သည်...

...................

ကျိုးချန် ရဲ့ ကျောင်းပိတ်ရက် တေကတော့
သူများတေနဲ့မတူခဲ့ပါဘူး...

မိသားစု သငယ်ချင်း တေနဲ့
အချိန်ကို သူလဲ ကုန်ဆုံးချင်တာပေါ့
ဒါပေမယ့် မိဘေတြက အလုပ်တေနဲ့မအား
သငယ်ချင်း တေကလဲ သူ့ဟာနဲ့သူ
အလုပ်ရူပ်နေကြသည် လူတေလေ...

တနေ့ တနေ့ ခြောက်ကပ်နေတဲ့
သူ့ရဲ့ ခရမ်းရောင် အခန်းထဲမှာပဲ
အချိန်ကုန်တာကြာတော့...

အရမ်းကြိုက်ပါတယ်ဆိုတဲ့
ခရမ်းရောင် တေကိုတောင်
မုန်းချင်လာသလိုလို...

ဘာပဲဖြစ်ဖြစ် ကျောင်းဖွင့်ရင်တော့
အဆင်ပြေသွားမှာပါ ဟုသာ
ကိုယ့်စိတ်ကို အားပေးရင်း
အထီးကျန်ခြင်းကို ကျော်လွှားစေရန်
ဘာသာစကားတေကို သာ
လေ့လာနေခဲ့သည်...

အထူးသဖြင့် english ပေါ့
သူအရမ်းကျွမ်းနေပီ...

သူလေ့လာထားတာတေက
တချိန်ချိန်မှာ အသုံးဝင်ကောင်း
ဝင်နိုင်ပါရဲ့...

💙💙💙💙💙

နောက်တပိုင်းကျ မြန်မြန
် တွေ့ပေးလိုက်တော့မယ်ကွာ...














 🌠Try 🌠Where stories live. Discover now