'ဟုတ်ကဲ့ မမ´
ဆောင်းတို့ ထွက်သွားမှသာ မီးအိမ်တစ်ယောက်ရဲ့ လုပ်ငန်းစလေတော့သည်။
'မီးကို လွှတ် ဦးဦးဆီသွားမယ် ဦးဦးချီ´
နှောင်းလက်ထဲကနေ ရုန်း၍ောင်နီ့ကို ချီခိုင်းနေသောကြောင့် ရောင်နီလည်း ချီရတော့သည်။'မီးအိမ်ပေးတဲ့ ရုပ်လေးရော´
'ဟမ်..
ဘယ်အရုပ်လေးက်ု ပြောတာလဲ သမီး´'ဟို ဟို ရုပ်လေ သိဘူးလားး
အီးးဟီးး မီးသိတယ် ဦးဦးမီးကို မချစ်ဘူး ဟီးးဟင့် အီးးဟီးး´ဘယ်အရုပ်လဲ သူလဲသေချာမသိဘဲနဲ့ ဒါသက်သက်ရစ်နေတာ မီးအိမ်တို့က
'ဘာလို့ငိုနေတာလဲ သမီးရဲ့ တိတ် တိတ် မီးလေး ငိုတော့ ဦးရင်နာတယ် ဗျ´
'တကယ်လား´
'ဒါပေါ့ မီးးအိမ်ဘာစားချင်လဲ ဗိုက်မဆာဘူးလား´
'ဗိုက်လားး´
သူ့ဗိုက်ကိုတောင် သူပြန်ငုံ့ကြည့်ရသေးတယ်
'အင်း ဆာတယ် ဦးဦးး´
'ဒါဆို မီးအိမ်ဘာစားချင်လဲ မနက်ဆိုတော့ ကြက်ဥကြော်စားမလားး´
'ဟင့်အင်းး မီးကြက်ဥ မုန်းတယ်´
'ဘာလို့လဲ ကြက်ဥစားတာ အားရှိတယ်လေ သမီးရဲ့´
'မီး ပေါက်စီစားချင်တယ် ဦးး´
'ဒါဆို ဦးသွားဝယ်ပေးမယ်နော် ခနဘဲစောင့်´
'မီးလည်းလိုက်မယ်´
'ဘာလို့လဲ သမီးရဲ့ တီလေးနဲ့နေခဲ့လေ´
'ဟင့်အင်းး´
'မီးအိမ် သမီးလေး သမီးမနေခဲ့ရင် အိမ်မှာ တီလေးတစ်ယောက်ထဲ နေခဲ့ရမှာ သူ့ကို ထားခဲ့လို့ဆိုပြီး ၀မ်းနည်းနေမှာပေါ့ မဟုတ်ဘူးလား ဟင်´
ကားပေါ် အတင်းလိုက်တက်နေသောပေါက်စလေးကို အကျိုးနဲ့ အကြောင်းရှင်းပြမှသာ
'အင်း´
နှုတ်ခမ်းလေးဆူကာ ခေါင်းလေး တငြိမ့် ငြိမ့်လုပ်ပြနေသော မီးအိမ်လေးသည် အလွန်ချစ်စရာကောင်းသည်။
YOU ARE READING
အချစ်များစွာဖြင့်
Romanceဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါကြောင့် ဝေဖန်ပေးနိုင်ပါတယ် အားပေးကြပါဦး စာဖတ်သူတဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်။
အချစ်များစွာဖြင့် အပိုင်း(၁၅)
Start from the beginning