ဟိုက်ခွမ်းကတော့ ဝမ်ရိပေါ်ရဲ့အတွေးတွေကိုမသိ သွားဖြဲပြနေမြဲ။ဝမ်ရိပေါ် ခေါင်းရမ်းကာ ကျောင်းသွားဖို့သွားပြင်ဆင်တော့သည်။

ရှောင်ကျန့်ဒီနေ့တော့ တစ်ယောက်ထဲ ကျောင်းလာရသည်။ကျိုးချန်မှာ နေမကောင်းလို့ကျောင်းမလာနိုင် ။အခုတစ်လော ဝမ်ရိပေါ်နဲ့သူ နည်းနည်းနီးစပ်လာသလိုဘဲ။တစ်ခါတစ်လေ သူ့နောက်ကလိုက်ကြည့်နေသလိုခံစားရသည်။အားလုံးသိနေတော့။

ဝမ်ရိပေါ်အကြောင်းတွေးလိုက်မိသည်နှင့် မျက်နှာထက် အပြုံးရေးရေးလေးထင်သွားတာ ကိုယ့်ကိုကိုယ်တောင်မသိလိုက်။ဝမ်ရိပေါ်ကဒီလောက်ချောတာ ကျောင်းကမိန်းကလေးအားလုံးနီးပါးကြိုက်ကြတာဘဲ။

ဒီလိုတွေးမိလိုက်ပြန်တော့လည်း နှာခေါင်းရှုံ့မိသွားသည်။'မဟုတ်သေးပါဘူး ငါကဘာကြောင့်သူ့အကြောင်းတွေးနေရမှာလဲ မဆီလျော်လိုက်တာ ငါကွေးများကွေးသွားတာလား မဖြစ်နိုင်ဘူး ငါက အဖြောင့် ' ကိုယ့်ကိုယ်ကို ပြန်တွေးရင်းမျက်နှာတောင်ပူလာမိသည်။

ကျောင်းရောက်တော့ ထုံးစံအတိုင်း ဟိုက်ခွမ်းကောကိုတွေ့ရသည်။'ခွမ်းကောရေ ဒီနေ့တော့ ကျိုးချန်မပါလာဘူး စိတ်မကောင်းပါဘူး' အပြင်မှာတော့ထုတ်မပြောဖြစ်ပါ။

ရောက်တာနဲ့လာပြီ သူ့ဒေါသအိုးကို မေးဖို့။

" နိဟောင် ရှောင်ကျန့် ဒီနေ့တော့ တစ်‌ယောက်တည်းပါလား သူငယ်ချင်းကော"

"ကျိုးချန်နေမကောင်းလို့ ကျောင်းမလာနိုင်ဘူး ဟိုက်ခွမ်းကော ကျွန်တော် တစ်ယောက်တည်းဘဲ "

စကားဆုံးတာနဲ့ ဟိုက်ခွမ်းကောမျက်နှာကြီးမှိုင်ကျသွားတာများ လင်သေမုဆိုးမလို။

"ဒါဆို ကောကိုသူ့အိမ်လိပ်စာလေးပေးပါလား "

"အော် ဟုတ် "

ရှောင်ကျန့်လည်း စက္ကူတစ်ရွက်ထုတ်ကာ ရေးပေးလိုက်သည်။

"ကျေးဇူးဘဲ နော် ရှောင်ကျန့် ကောသွားပြီ ဝမ်လေး ဒီညနေတော့ကောလာမကြိုအားတော့ဘူး အလုပ်ရှိလို့ အိမ်က driver လွှတ်ပေးလိုက်မယ်နော် ကောကားယူသွားမို့ "

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now