"ဟဲ့ကြယ်စင်"

အသံလာရာကို ကြယ်စင်လှည့်ကြည့်လိုက်တော့ဝေယံက ကြယ်စင်တို့ထိုင်နေသည့် အရှေ့တန်းကို လာနေသည် ကြယ်စင်လည်းဘာပြောစရာရှိလို့လဲဆိုသည့် သဘောနှင့်မှေးငေါ့ပြလိုက်သည်

"နင့်ကိုခေတ်သစ်ကပြောခိုင်းလိုက်လို့"

ခေတ်သစ်ဆိုသည့် နာမည်ကိုကြားတာနဲ့တင် ကြယ်စင်ဂနာမငြိမ်ဖြစ်လာသည် သို့သော်စိတ်ကိုထိန်းပြီး ဝေယံကိုပြန်မေးလိုက်သည်

"ခေတ်သစ်ကဘာပြောလို့လဲ သူ့ဘာသာလာပြောလည်းရတဲ့ဟာကို"

"မသိဘူးလေဟာ ငါ့ကိုပြောခိုင်းလိုက်လို့"

ခေတ်သစ်ကိုလှမ်းကြည့်လိုက်တော့ စာကုန်းရေးနေသည်

"အင်းပြော ဘာပြောခိုင်းတာလဲ"

"နင်အေးရိုးဗစ်ဆော့မယ်ဆိုတာလေ အဲ့တာမဆော့ပါနဲ့လားတဲ့"

"ဟမ် ဘာဖြစ်လို့လဲ"

"မသိဘူး အေရိုးဗစ်ဆော့တာနဲ့ သူနဲ့ဆိုဘာကိုရွေးမလဲတဲ့"

ဝေယံ့ကိုနားမလည်သလိုကြည့်ပြီး ခေတ်သစ်ကိုထပ်ပြီးလှမ်းကြည့်မိသည် ကြယ်စင်လှမ်းကြည့်လိုက်တော့ ခေတ်သစ်ကကြယ်စင့်ကိုပြုံးပြသည်
ကြယ်စင်ကတော့ရင်ထဲဒိတ်ခနဲ‌ ဒီကြားထဲသီရိကအိမ်သာသွားမယ်ဆိုပြီး လက်ကိုဆွဲသွားတော့
ဝေယံ့ကို လှမ်းအော်ခဲ့ရသည်

"မသိဘူးဟာလို့"

အမှန်အတိုင်းပြောရရင်ခေတ်သစ်ကိုရွေးချင်ပါသည် သို့ပေမယ့် အေရိုးဗစ်ဆော့မည့်ထဲတွင်ဟန်နီဆိုသည့်တစ်ယောက်ကပါနေတော့
ကြယ်စင်ထိုမိန်းကလေးနှင့် ထိပ်တိုက်တွေ့ချင်သေးသည်

နောက်နေ့တွင် အေရိုးဗစ်ဆော့မည့်သူတွေကိုလာခေါ်၍ ကြယ်စင်တို့လိုက်သွားရသည် ဟောခန်းထဲမှာဆော့ရမည်ဖြစ်သောကြောင့် ဟောခန်းထဲကိုသွားရသည် အခြေခံတွေစသင်ပြီးနားချိန်ရောက်တာနဲ့ ဖူးမြတ်ကိုခေါ်ပြီး ဟန်နီဆိုသည့်မိန်းကလေးနှင့်မိတ်ဆက်ခိုင်းသည်

သိသိချင်းပဲ ဟန်နီ့ကို ကြယ်စင်မေးလိုက်သည်

"ဟန်နီ နင်ခေတ်သစ်ကိုသိလား"

အချစ်ဦးKde žijí příběhy. Začni objevovat