- အား မား ဘာလို့ လိုက်လိုက်ရိုက်နေတာလဲ? သူ့အသားမဟုတ်တိုင်း လူကိုဘဲ ရိုက်နေတယ်...
- ရိုက်ရမယ် သိလား? မင်းကို ရိုက်ကို ရိုက်မှ ဖြစ်မှာ... ငါတို့ကို ဘာလို့ စောစောစီးစီး သားဝမ်နဲ့ မတွေ့ပေးရတာလဲ? စောစောစီးစီး သားဝမ်ရဲ့အကြောင်း သိလို့ကတော့ အဲ့သားဝမ်ရဲ့ ဦးလေးဆိုတဲ့ လူကို မားကောင်းကောင်းရိုက်ပစ်မှာ... အမယ်လေးနော် ငါတို့သားဝမ်လေး...
ရှောင်ကျန့်တိတ်သွားခဲ့သည်။ သူရိပေါ်နဲ့ ဘယ်လိုဆုံခဲ့တယ်ဆိုတာကို ပြောပြသင့်လား? မသင့်ဘူးလားဆိုတာ သူစဉ်းစားလို့မရသေးပေ။ တကယ်လို့ သူသာ အမှန်အတိုင်း ပြောပြလိုက်ရင် သူမားဆီကနေ အသေအရိုက်ခံရမှာ။
ဝမ်ရိပေါ် ဖုန်းပြောပြီး အနားလျှောက်လာသည့်အခါ ရှောင်ကျန့်က ပြုံးပြခဲ့သည်။ ရိပေါ်ကို ရှောင်မားက ရုတ်တရက်ဆန်စွာ ဖက်လိုက်သည်မို့ ရှောင်ကျန့်နှင့် ရိပေါ် ကြောင်အအရယ်။
- သားဝမ် ဘာမှ အားမငယ်နဲ့ သိလား? မားတို့ မင်းအနားမှာ ရှိတယ်နော်... အခုချိန်က စပြီး သားဝမ်က မားတို့ရဲ့သားဘဲ... ဟို ငကျန့်ကို စာရင်းဖျောက်လိုက်ပြီ...
- မား?
ရှောင်ကျန့်ကို ထားခဲ့ပြီး ရိပေါ်ကို ရှောင်မားက ခေါ်သွားလေသည်။
- သားဝမ် အဲ့ရှောင်ကျန့်ကို မားရိုက်ပြီးပြီ သိလား? အဲ့ကောင်စုတ်လေး စောစောစီးစီး မားတို့နဲ့ သားဝမ်ကို မတွေ့ပေးဘူး...
- မား...
ရိပေါ်က ခြေလှမ်းတို့ကို ရပ်လိုက်ပြီး ရှောင်ကျန့်ကို ခေါ်လိုက်သည်။ ဆူဆူပုတ်ပုတ် အနားရောက်လာသည့် ရှောင်ကျန့်လက်ကို ဝမ်ရိပေါ်က ဆုပ်ကိုင်လိုက်ပြီး
- မား တကယ်တော့ ကျွန်တော်နဲ့ ကျန့်ကျန့်နဲ့က ချစ်သူတွေ မဟုတ်ကြဘူး...
- ဟေး....
ရှောင်ကျန့်က ရိပေါ်ရဲ့လက်ကို ပိုတင်းအောင်ကိုင်လိုက်ပြီး အံ့အားသင့်မှုကြောင့် ဟေးကနဲအော်လိုက်သည့် ရှောင်မားကို တည်ငြိမ်စွာ ကြည့်၍
- ဟုတ်တယ် မား... တကယ်တော့လေ... ကျွန်တော်နဲ့ ကိုကြီးက ချစ်သူတွေ မဟုတ်ခဲ့ဘူး... ကိုကြီးရဲ့ မင်္ဂလာပွဲမှာ ပထမဆုံးစတွေ့ခဲ့ပြီး အခုလို အခြေအနေတွေ ဖြစ်လာခဲ့တာပါ...
![I'm HERO ^•^ [UNICODE]](https://img.wattpad.com/cover/277636500-64-k389663.jpg)