- မားနော်... အသံတွေ အရမ်းကျယ်တယ်... ကျွန်တော့် ဘေဘီလေးကို အာရုံများအောင် မလုပ်နဲ့...

ရှောင်ကျန့်ရဲ့ လက်မောင်းအား ရှောင်မားက မနာအောင်ရိုက်လိုက်ပြီး မျက်စောင်းပါ ထိုးလိုက်သေးသည်။

- ငါက မင်း ပြဿနာရှာခဲ့သလားလို့ပေါ့...

ပြဿနာဖြစ်တိုင်း လိုက်လိုက်ရှင်းပေးခဲ့ရသည့် ရှောင်မားကို ရှောင်ကျန့်က ဖက်တွယ်ကာ ရင်ခွင်ထဲ ကြောင်ပေါက်တစ်ကောင်လို စတင်ပြုမူတော့သည်။

- မကြီးမငယ်နဲ့! သူ့လူအပေါ် ချွဲတုံးရတာ အားမရလို့ ငါ့ကိုပါလာချွဲနေတာလား? မရဘူးနော်...

ထိုသို့ပြောပေမယ့် ရှောင်မားက ရှောင်ကျန့်ကို မတွန်းထုတ်ပါဘဲ ခေါင်းကလေးကိုပင် ပွတ်သပ်ပေးလိုက်သေးသည်။

- မား ကိုကြီးအပေါ် ကောင်းရမယ်နော်... ကိုကြီးကို ဝမ်းနည်းအောင် မလုပ်ရဘူး... ကိုကြီးရဲ့ ဆွေမျိုးတွေက မကောင်းဘူး.... ကိုကြီးမှာ အိမ်တော်ထိန်းကြီးတွေ ပြုစုစောင့်ရှောက်ပေးတာကိုဘဲ ခံခဲ့ရရှာတာ... ဆွေမျိုးဆိုတဲ့ လူတွေက ကိုကြီးရဲ့ ပိုင်ဆိုင်မှုတွေကိုဘဲ ကြည့်ပြီး ကိုကြီးကို အခက်တွေ့အောင်တောင် လုပ်ခဲ့သေးတာ....

ရှောင်မားက ရှောင်ကျန့်ကို မနာလောက်သည့် အရှိန်ဖြင့် သူပွတ်သပ်ပေးနေသည့် ကျောပေါ် ရိုက်ပေးလိုက်သည်။

- ပြောပါဦး သားဝမ်က ဘာတွေ ကြုံခဲ့ရလဲဆိုတာ...

ရင်ခွင်ထဲက ထွက်လာကာ ရှောင်ကျန့်က ရိပေါ်ရဲ့ ကျောပြင်ကို ကြည့်ပြီး တစ်ဖန်ခေါင်းငုံ့လိုက်သည်။

ရှောင်ကျန့်က အိမ်တော်ထိန်း ပြောပြခဲ့သည့် အကြောင်းတွေရယ် သူကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ဝမ်ရိပေါ်ရဲ့ ဦးလေးမိသားစု အကြောင်းရယ်။ သူတို့ကို ဘယ်လို ရိပေါ်ရဲ့ အရိပ်အောက်ကနေ မောင်းထုတ်ခဲ့တာတွေကို ရှောင်မားအား ပြောပြလိုက်သည်။

- အမယ်လေး! ငါတို့ သားဝမ်ကလေး သနားလိုက်တာ...

ရှောင်ကျန့် ဒီတစ်ခါ တော်တော်လေး နာအောင်အရိုက်ခံလိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Oct 05, 2021 ⏰

Add this story to your Library to get notified about new parts!

I'm HERO ^•^ [UNICODE]Where stories live. Discover now