ရှောင်ကျန့်က ကားဘီးကို ခြေထောက်ဖြင့် ထိုးကန်နေရင်း သူ့မားမားကို မကြည်ကြည့်ဖြင့် ကြည့်ပေးလိုက်သည်။

- အဲ့ဒါမားကြောင့်လေ... မားသာ လျှောက်မပြောရင် ကိုကြီးလည်း ဒီကိုကသောင်းကနင်း ထွက်လာရမှာ မဟုတ်ဘူး... အခုတော့ ဟိုမှာ ဘာမှ အစီအစဉ်မကျဘဲ ဘွတ်ရွှတ်ဆို ထွက်လာရတာလေ... အောင်မြင်နေတဲ့ GROUPကြီးကို ဦးဆောင်နေရသူဘဲ ဒီလောက်တော့ ရှိမှာပေါ့...

- မားကလည်း သားဝမ် မင်းအပေါ် သံယောဇဉ် ဘယ်လောက်ရှိလဲ သိချင်လို့ လုပ်လိုက်ရတာပါ...

- အခု သိပြီလား?

- သိပြီ... ဒါနဲ့ သားဝမ်က မိဘတွေမရှိတော့ဘူးဆိုတော့ ဆွေမျိုးတွေကကော သားဝမ်ကို မထီမဲ့မြင်ပြုတာတို့ ဘာတို့ရှိကြလား? လူကုံထံအသိုင်းအဝိုင်းတွေက သာမန် အဝန်းအဝိုင်းက လူတွေနဲ့ မတူဘူး... သူတို့က ဖေးမဖို့မရှိဘူး ... ငွေနဲ့ ရာထူးအတွက် ကိုယ့်သွေးရင်းကိုတောင် ငဲ့တဲ့လူတွေမဟုတ်ဘူး... သားဝမ် ဘယ်လောက်တောင် တောင့်ခံခဲ့ရမလဲနော်... ငယ်ငယ်လေးနဲ့... သနားပါတယ်... ပင်ပန်းရှာမှာ...

ရှောင်ကျန့်က သူတို့အဝေးတွင် ဖုန်းပြောနေသည့် ရိပေါ်ရဲ့ ကျောပြင်ကို ကြည့်ရင်း သူ့အကြည့်တို့ဟာ တစ်စ တစ်စ နွေးထွေးလာခဲ့သည်။

- ကိုကြီးက အထီးကျန်ဘဝလေးနဲ့ ဖြတ်သန်းခဲ့ရတာ... အခုကစပြီး နောက်နောင် အနာဂါတ်နေ့ရက်တိုင်းမှာ ကိုကြီးကို ကျွန်တော် အဖော်ပြုသွားတော့မှာ...

- သားဝမ်ရဲ့ အမျိုးတွေက သူ့အပေါ် ကောင်းရဲ့လား?

- ငွေဆိုတဲ့ သက်မဲ့ကြီးက သက်ရှိလူတစ်ယောက်ကို မျက်လုံးကန်းစေတယ်လေ... မားပြောခဲ့သလိုဘဲ လူကုံထံ အသိုင်းအဝိုင်းမှာ ရှင်သန်ခဲ့တဲ့ ကိုကြီးအတွက် ဆွေမျိုးဆိုတာ ကြောက်စရာ အကောင်းဆုံးဘဲ... ဒါပေမဲ့ စိတ်မပူပါနဲ့မား... ကျွန်တော် ကိုကြီးရဲ့ အမှိုက်ထုပ်တွေကို အားလုံး ရှင်းပစ်လိုက်ပါပြီ...

- ဟေး မင်းပြဿနာ ရှာပြန်ပြီလား?

ရှောင်မားရဲ့အသံက ကျယ်သွားတော့ ဖုန်းပြောနေတဲ့ ရိပေါ်တောင် လှည့်ကြည့်လာသည်။ ရှောင်ကျန့်က လက်ဟန်ဖြင့် ဘာပြဿနာမှ မရှိကြောင်း ပြပြီး ဖုန်းဆက်ပြောဖို့ တိုက်တွန်းလိုက်သည်။ ရိပေါ်က ပြုံးပြ ခေါင်းညိမ့်ကာ တစ်ဖက်သို့ ပြန်လှည့်သွားတော့သည်။

You've reached the end of published parts.

⏰ Last updated: Oct 05, 2021 ⏰

Add this story to your Library to get notified about new parts!

I'm HERO ^•^ [UNICODE]Where stories live. Discover now