ရှောင်မားက ကိတ်မုန့်တုံးနဲ့ ရှောင်ကျန့်ကို ပစ်ပေါက်လိုက်သည်။ နဖူးတည့်တည့်မှန်သွားပြီး အောက်ပြန်ပြုတ်ကျလာသည့် ကိတ်မုန့်တုံးအား ရှောင်ကျန့် ကောက်ဝါးပစ်သည်။ ရိပေါ်က အလိုက်တသိ တစ်ရှူးယူပြီး ရှောင်ကျန့် နဖူးအား သုတ်ပေးလိုက်သည်။

- ငါ့ချစ်ချစ် ငယ်ငယ်တုန်းက နင့်လူထက်တောင် အဆပေါင်းများစွာ ချောတယ် ဟုတ်ပြီလား?

ရှောင်ကျန့်က ရိပေါ်ကို တစ်လှည့် သူ့ပါးပါးကို တစ်လှည့်ကြည့်ပြီးနောက် နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး

- ကိုကြီး ခဏနေ ပါး ငယ်ငယ်တုန်းကပုံ ပြမယ်... မရီရဘူးနော်...

ဝှီး! ရှောင်ကျန့်က ပြုံးပြုံးဘဲ ကိတ်မုန့်ပျံလေးကို ကောက်စားလိုက်သည်။ ရိပေါ်က ဒီတစ်ခါ ကိုယ်ကို အနည်းငယ်စောင်းပြီး ပါးကို သုတ်ပေးလိုက်သည်။ ဒီတစ်ခါ ပစ်လိုက်သူရယ်က ရှောင်ပါးရယ်ပါ။

- မင်းတို့နှစ်ယောက် ငါတို့စားပြီးမှ လာကြ!!!

- ကိုကြီး ကိုကြီး သွားစို့ ဒီနားမှာ နည်းနည်းရာသီဥတု မကောင်းတော့ဘူး...

- ပိုးပေးရဦးမလား?

ရှောင်ကျန့်က တောက်တောက်ပပနဲ့ မျက်နှာတွေ မဲနေသည့် ရှောင်မိဘနှစ်ပါးအား ကြည့်ရင်း ခေါင်းခါလိုက်သည်။

- မပိုးပါနဲ့တော့... သူများတွေကို ဝမ်းနည်းအောင် မလုပ်ပါနဲ့... တစ်ချို့သော လူတွေက အပိုးခံချင်ပေမယ့် တစ်ချို့သောလူတွေက မပိုးနိုင်တော့ဘူးလေ...

- ထွက်သွားလိုက်စမ်း... ငါမင်းတို့ကို လိုက်ထုဖို့ စိတ်တွေ ထိန်းလို့မရတော့ဘူးနော်!!!

- ဟုတ်တယ် ကျွန်မလည်း အရမ်းတွေ ထုချင်နေပြီ...

ရှောင်ကျန့်က ရိပေါ်ရဲ့ လက်ကိုဆွဲကာ အိမ်ရှေ့ကို ထွက်ပြေးသွားလေသည်။

- အားမေ တွေ့လား? အဲ့ချီးထုပ် အရမ်းအလိုလိုက်ခံနေရတာ ...

- ရှင်ဘာလို့ ကျွန်မကိုကျ သားဝမ်လိုမျိုး အလိုမလိုက်ခဲ့ရတာလဲ?

- အမ်...

××××

- ကြည့်ရတာ အလုပ်ကိစ္စအရေးကြီးနေတယ် ထင်တယ်... ဖုန်းပြောနေတာ တော်တော်ကြာပြီကော...

Você leu todos os capítulos publicados.

⏰ Última atualização: Oct 05, 2021 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

I'm HERO ^•^ [UNICODE]Onde histórias criam vida. Descubra agora