- အားးးး ပါး ဘာတွေကို ဘယ်လိုတွေ ပြောနေရတာလဲ?

ရှောင်ကျန့်က မျက်နှာနီနီနဲ့ ဖင်ပိတ်အော်နေတဲ့အချိန် ရိပေါ်က ပေါင်ပေါ် မှောက်ကျသွားတဲ့ နွားနို့အား တစ်ရှူးများဖြင့် အသည်းအသန် သုတ်နေလေသည်။

မျက်လုံးလေး ဘလင်းဘလင်းဖြစ်သွားတဲ့ ရှောင်မားကတော့ ပြုံးပြုံဘဲ။

- ဪ ! အဲ့လို အခြေအနေမျိုးလား? မားကမသိဘူးလေ... အေးအေး အဲ့လိုဆိုတော့ မားတို့ရဲ့သားလေးကို သားဝမ်ကောင်းကောင်း ဂရုစိုက်ရမယ်နော်... သားကျန့် ဒဏ်ကြေဆေးတွေ ဘာတွေလိုသေးလား?

- မဟုတ်ဘူး... မဟုတ်ဘူးလို့... ကိုကြီး ပြောဦး... အတွေးတွေ မှောင်မိုက်နေကြပြီ...

- မားတို့ ထင်သလို မဟုတ်ပါဘူး...

- ရှက်မနေပါနဲ့ ... မားတို့နားလည်ပါတယ်... သန်မာတဲ့ ယောကျာ်းလေးတွေဘဲ ဒီလောက်တော့ ရှိမှာပေါ့...

- မဟုတ်ပါဘူးဆိုနေ... ကိုကြီးရဲ့ ချောမောမှုမှာ ကျွန်တော်ကြွေဆင်းသွားတာ လမ်းမလျှောက်နိုင်တော့လို့ ကိုကြီးက ပိုးလာပေးတာ...

ရိပေါ်က ဟုတ်ကြောင်း ခေါင်းကို တဆတ်ဆတ် ညိမ့်ပြလေသည်။

- မား ဒီမှာ ကြည့်လိုက် ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်တောင် ချောလိုက်လဲ? ဒီအင်္ကျီလေးဝတ်ထားတာတောင် ကိုကြီးက ချောမောနေတုန်းပဲ... မား မသိလို့နော် ကိုကြီးရေချိုးခန်းထဲက ထွက်လာတုန်းက ကျွန်တော် အသက်ရှူဖို့ တကယ်ကြီး မေ့သွားတာ... ချောလိုက်တာ ဆိုတာ ကျွန်တော်... ကြည့်ကြည့် ကိုကြီးက သေလောက်အောင် ချောတယ်မလား?

ရှောင်မားက နှုတ်ခေါင်းရှုံ့ကာ မုန့်အား တစ်ကိုက်ကိုက်လိုက်ပြီး

- မင်းက ပရိုမဆန်လိုက်တာ... ကိုယ့်လူကို အကြွေလွန်ပြီး လမ်းတောင်မလျှောက်နိုင်တော့ဘူးတဲ့လား? ကျစ် ကျစ်....

- မားနော်... မကြုံဖူးသေးဘဲ လာမပြောနဲ့... မားရဲ့ ချစ်ချစ်ကြီးကို ကျွန်တော့်လူလို အင်္ကျီဝတ်ခိုင်းကြည့်လိုက်ပါလား? အသက်တောင် ပျောက်ချင်သွားဦးမယ်... ဗိုက်ပူပူနဲ့ အတိုးယူတဲ့ ငွေတိုးချေးတဲ့ လူလိုဖြစ်နေမှာ...

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 05, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

I'm HERO ^•^ [UNICODE]Donde viven las historias. Descúbrelo ahora