Unseen Love (Xiao Zhan's Side Story)

Start from the beginning
                                    

"ချစ်တယ် ... ကိုယ်လည်း ရိပေါ်ကို ချစ်တယ် "

"တကယ်လား "

"အင်း တကယ်ပါ ... ကိုယ်ရိပေါ်ကိုချစ်ပါတယ်"

ဘယ်သူ့မှမသိအောင် တိတ်တိတ်လေးချစ်ခဲ့ကြပြီးနောက်ပိုင်း ရိပေါ်ဟာ အရမ်းပဲပြောင်းလဲလာခဲ့သည် ။ သဝန်တိုသည် ... သံသယတွေများလာသည် ... ပြီးတော့ သူ့ကို ချုပ်ချယ်လွန်းလာခဲ့သည်။
စတွေ့တုန်းက အမြဲသိမ်ငယ်နေတတ်တဲ့ နူးနူးညံ့ညံ့ကောင်ငယ်လေးမျိုးမဟုတ်တော့ဘဲ သူ့မိဘတွေကို စကားလုံးကြမ်းကြမ်းတွေနဲ့ ပြောဆိုတတ်တဲ့ လူတစ်ယောက်အဖြစ် ရိပေါ်ရဲ့ ပြောင်းလဲမှုက ကြီးမားခဲ့၏။

"ဦးရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်စေချင်တယ် ... ပြီးတော့ ဒီအိမ်မှာပဲနေ ... မင်းတို့စီးပွါးရေးတွေ ကျနေတာ ဦးသိတယ် ... ဦးက အဆင်ပြေအောင်လုပ်ပေးမယ်"

"ဟုတ် ... ကျေးဇူးမမေ့ပါဘူး ဦး"

ရိပေါ်အဖေက ရိပေါ်ကို မချစ်ပေမယ့် ရိပေါ်ဆရာဖြစ်တဲ့ သူ့ကိုတော့ နေရာပေးသည်... ။ ကျေးဇူးတင်မိတာ သူ့အမှားဖြစ်ပြီး ဥက္ကဌဝမ်ပေးတဲ့ အလုပ်မှာ ဝင်မိတာကလည်း ဒုတိယအမှားတစ်ခု ... ။

"မင်းကို ဦး သဘောကျတယ် ... "

"ကျွန်တော်တို့မဖြစ်သင့်ပါဘူး "

သူ့ကို သဘောကျနေတယ်ဆိုတဲ့ ဦးကို ငြင်းခဲ့ပေမယ့် တကယ်တမ်းကျ ဦးရဲ့ ခြိမ်းခြောက်မှုတွေ အောက်ကနေ ရုန်းမရနိုင်ခဲ့... ။
ရိပေါ်နဲ့ သူ့ရဲ့အကြောင်းတွေ ဦးက သိနေခဲ့ပြီး သူ့မိဘတွေကို ရိပေါ်နဲ့ သူ့အကြောင်း သွားပြောမယ်ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ သူ့စိတ်တွေကို နွမ်းလျစေသည်...။
သူမရှိရင် ပြိုလဲသွားနိုင်တဲ့ သူ့မိသားစု ... ။
ပြီးတော့ သူ သိပ်ချစ်ရတဲ့ ရိပေါ် ... ။
သူ့မိသားစုကို အသိမပေးဘဲ ရိပေါ်နဲ့ အတူတူ ပြင်သစ်ကို တိတ်တိတ်လေးထွက်သွားခဲ့ရင် အဆင်ပြေလောက်တာပဲမလား.. ။

"ဘာအလုပ်ကိစ္စမို့လို့ ကိုကိုတောင်မသိရအောင် ဒီအချိန်အထိဆွေးနွေးနေရတာလဲ"

ဥက္ကဌဝမ်နဲ့ စကားပြောပြီး စိတ်ရှုပ်နေသည့် သူ့ကို ရိပေါ်ကပါ ထပ်ရစ်လာတဲ့အခါ သူပြဿနာမဖြစ်ချင်၍ ရှောင်ထွက်လာခဲ့မိသည်။ သို့သော် ရိပေါ်က မရ ...။ သူ့အခန်းထိပါ လိုက်လာပြီး ဆက်ရစ်၏။

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now