ဒူး​လေးတုပ်လျက်ပုံ့ပုံ့​လေးငို​နေတဲ့ ၁၈နှစ်က​လေး​လေး ၀မ်ရိ​ပေါ်​​ပေါက်စလေးကို ​ရှောင်းကျန့်က အပုံ့​လိုက်​လေး ရင်ခွင်ထဲထည့်လိုက်ပြီး တစ်ခါမှ မ​ချော့ဖူးတဲ့ ​ရှောင်းကျန့်က ​မ​ချော့တတ် ​ချော့တတ်နဲ့ ချော့ရတယ်။ ​ချော့တယ်သာ​ပြောတာပါ။ ​ရှောင်းလူလည်ကြီးက သူဖြစ်ချင်တာ​တွေဘဲ ပြောသွားတာရယ်။

"မငို​နဲ့​တော့​လေကွာ! ၀မ်ပူတူး​လေးကလည်း။ ​နောက်ကျ အဲ့လို​တွေပလူးပလဲမ​နေနဲ့​နော်။ ဒီတိုင်းဆို ကိုယ်က သိပ်စိတ်မတိုတတ်ပါဘူး။ ကိုယ်နဲ့ဘဲပလူးပလဲ​နေ​နော် ၀မ်နို့ခဲ​​လေး... "

"အီးဟီးးး ခင်ဗျား...စိတ်နဲ့နှိုင်းမ​နေနဲ့  ..အင့် ဘယ်သူနဲ့မှအဲ့လိုနေမ​နေဘူး..အဟင့်  ​"

​ချော့တဲ့က​လေး ပိုငိုတယ်ဆိုတာအမှန်ဘဲ။ ​ရှောင်းကျန့်လည်း​လေသံ​​အေး​အေး​လေးနဲ့​ချော့လိုက်​ရော ၀မ်ရိ​ပေါ်က အပီအပြင်ကို ​အော်ငို​တော့တာဘဲ။

နှပ်​တွေ​ကော၊ မျက်ရည်​တွေ​ကော ​ရှောင်းကျန့်ရဲ့အင်္ကျီမှာ အကွက်လိုက်ထင်သည်အထိကိုငိုတာဗျာ။ ​ရှောင်းကျန့်က
အသန့်ကြိုက်တယ်။ ဒါ​ပေမယ့် ဒီ​ကောင်​လေးကို​တော့ မရွံမိ။

အငိုတိတ်သွား​​တော့မှ ရင်ခွင်ထဲက ထွက်ကာ ဆိုလာ​သောစကားက...

"​ဟောက်ရွှမ်းနဲ့ယွီပင်းတို့ စိတ်ပူ​နေ​တော့မယ်"

"မင်းကက​လေးမို့လား။​ပျောက်တာနဲ့စိတ်ပူရ​အောင်။"

"​စိတ်ပူစရာက ခင်ဗျား​​တစ်​ယောက်လုံးရှိ​နေတာ​လေ"

"တကယ့် ငရှုပ်​လေး​တွေပါကွာ။"

"ကျွန်​တော့် သူငယ်ချင်း​တွေကို​နော်"

သူ့သူငယ်ချင်း​တွေထိ​တော့ကျ မခံဘူးဗျာ။ မျက်​စောင်းထိုးပြီး ရန်ပြန်​တွေ့တယ်။ ​အော်ရင်​တော့ သိပ်​ကြောက်တတ်တယ့်ကောင်​လေး။

သ​ဘောကျလိုက်တာ။ ​ရှောင်းကျန်က ဒီ​ကောင်​လေးရဲ့ ချစ်စဖွယ်အမူအရာ​လေး​တွေကို သိပ်သ​ဘောကျမိတာဘဲ။

​ရှောင်းကျန့်တွဲခဲ့သမျှ ဒီ​လောက်ချစ်ဖို့​ကောင်းတဲ့သူမျိုးမ​တွေ့ဖူးပါဘူး။

What The Hell !! Kde žijí příběhy. Začni objevovat