မြန်မာကားထဲက မင်းသမီး​တွေကို ယုတ်မာ​တော့မယ့် လူယုတ်မာကြီးလို မုဒ်​တွေကို ​ရှောင်းကျန့်ကအပြည့်သွင်းတယ်။ ဘယ်​ပြေးမလဲ..​မောင်အိ​ပေါ် ဟားဟားဟား။

"ဒါဆို ကိုယ့်ရည်းစားလုပ်​လေ ၀မ်ပူတူး​လေးရဲ့"

"...."

ချစ်တယ်ကျမ​ပြောဘဲ။ ခြိမ်းခြောက်ပြီး ရည်းစားဖြစ်ခိုင်း​နေ
တယ့် လူဆိုးကြီး။

"ဟင်! မလုပ်ဘူးလား။ အင်း..ဒါဆိုလည်း"

"အင့်... လုပ်မယ်! လုပ်..လုပ်ပါ့မယ်!"

"ဘာလုပ်မှာတုန်း ​သေချာ​ပြောကွာ"

"​ရှောင်း..​အစ် ရှောင်းကျန့်ရဲ့ရည်းစား"

"​တော်တယ်! ကိုယ့်၀မ်ပူတူး​လေးက ။ ဒီလို လိမ္မာမှ​ပေါ့။"

​မေး​စေ့​လေးကို ထိန်းကိုင်ထား​သောလက်​တွေကို ရုတ်သိမ်းပြီး ​ရှောင်းကျန့်က အပြုံးကြီးကြီး ချိတ်ဆွဲပြီး ​ခေါင်းလုံး​လေးကိုပွတ်သပ်လိုက်တယ်။ ​ရှောင်းကျန့်က ဒီလို ခြိမ်း​ခြောက်ပြီးမလုပ်သင့်​ပေမယ့် အခုလို လိုချင်တဲ့အ​ဖြေပြန်ရ​​တော့ တကယ်ကို​ ​ကျေနပ်တယ်။

ဒီလိုအတင်းအကြပ်​တွေ အချုပ်ကိုင်ရတာလည်း ဒီ​ကောင်​လေးနဲ့​ကျမှ။ ​ရှောင်းကျန့်​ရှုပ်ခဲ့သမျှက တစ်ဖက်ကဇယားလာကပ်တဲ့ဟာ​တွေလည်းရှိသလို၊ ​ရှောင်းကျန့်မျက်စိတစ်ဖက်​လေးမှိတ်ပြ​လိုက်ရုံ​လေးနှင့် ပါလာတာ​တွေဖြစ်တယ်​လေ။

​​အော်...လူ​တွေ လူ​တွေ ခက်ခဲတဲ့အရာမှ ပို၍ ​မက်​မော​လေတယ်ဆိုတာ သိပ်မှန်ပါလား။

ဘယ်နစ်ရက် မက်​မောမိမလဲ​တော့ အတိအကျမဆိုနိုင်​သေး​ပေမယ့် ဒီ၀မ်ပူတူး​လေးက အခြားသူ​တွေနဲ့​တော့ မတူတာ​​တော့ အမှန်ဘဲ။

ကိုယ်ကသာပြုံးပြုံးကြီးနှင့် ကြည့်​နေ​ပေမယ့် အသစ်စက်စက်ရည်းစား​လေးက​တော့ ကားခုံ​ပေါ်ကိုဒူး​လေးနှစ်ဖက်တင်၊ ထိုဒူး​လေးနှစ်ဖက်ကို လက်​ကလေးနဲ့ပိုက် ​ခေါင်း​လေးငုံ့ပြီး တသိမ့်သိမ့်တုန်ပြီး ရှုိက်ကာ ငို​နေသတဲ့။

ဒီလိုကျ​တော့လည်း ​ရှောင်းကျန့်က​မ​နေတတ်။ စိတ်ထဲ
မ​ကောင်းပါဘူး။ ကိုယ်ပါ​ရောငိုချင်လာသလိုဘဲ။ ​ရှောင်းကျန့်ကမတအားသနားတတ်တာဆိုတာ။

What The Hell !! Where stories live. Discover now