ရှောင်ကျန့်ကိုယ့်ဘဝအကြောင်းကိုအတွေးလွန်နေမိလို့ ရှေ့ကကားလာနေတာ မမြင်မိခဲ့။"ရှောင်ကျန့် သတိထား "ဆိုတဲ့ အသံကြားမှ အလန့်တစ်ကြားနဲ့ ဘေးကို ရွေ့လိုက်ရာ အရှိန်လွန်ပြီးလဲကျသွားခဲ့သည်။

ကျိုးချန်လည်းရှောင်ကျန့်ကိုလာထူရင်း ကားကထွက်လာတဲ့လူကို ကြည့်လိုက်သည်။ထိုလူကလာပြီး

" တောင်းပန်ပါတယ် ဗျာ ဘယ်မှာများထိခိုက်သွားသေးလဲ "
ရှောင်ကျန့်လည်း
"ရပါတယ် ကျွန်တော်က မမြင်လိုက်မိလို့ ဖြစ်တာဘဲ အားနာပါတယ် "
"ခြေထောက်က ထောက်နိုင်ရဲ့လား ကိုယ် ဆေးရုံပို့ပေးရမလား "
"အာ ရပါတယ် အဲ့လောက်ထိမလိုပါဘူး ခြေထောက်ခေါက်သွားရုံလေးပါ ကျောင်းရောက်မှ ကျောင်းဆေးခန်းမှာ ပြလိုက်လို့ရပါတယ် "
"ဒါနဲ့ ကျောင်းကဝေးသေးလား လိုက်ပို့ပေးရမလား"
"ရတယ် ဝမ်တက္ကသိုလ်မှာပါဘဲ "
"ဟာ ကိုယ်လည်းအဲ့ကို သွားမလို့ဘဲ တစ်ခါလိုက်ခဲ့ပါ ကိုယ့်ကြောင့်လည်းဖြစ်သွားတာမို့လို့ လိုက်ပို့ပေးပါမယ် လမ်းလည်းကြုတော့လေ "

ဝမ်ရိပေါ် အရမ်းကို စိတ်တိုနေပြီ ခွမ်းကောက အခြေအနေလေးသွားမေးတာ အဲ့လောက်ကြာစရာလိုလို့လား ။ခဏနေတော့ ခွမ်းကောရော ထိုလူနှစ်ယောက်ပါ ပါလာလေသည်။

"ဝမ်လေး ကောတို့ သူ‌တို့နှစ်ယောက်ကိုလည်းတစ်ခါတည်းခေါ်သွားရအောင် ကျောင်းအတူတူဘဲ "

ခွမ်းကောထိုသို့ပြောပြီးရှေ့မှဖယ်လိုက်တော့ မြင်လိုက်ရတဲ့မျကိနှာလေးကြောင့် မဖြစ်ဘူးလို့ပြောမဲ့ သူ့ရဲ့စကားကိုတစ်ခါတည်းမြိုသိပ်လိုက်ပြီး လိုက်ဖို့ခေါင်းညိမ့်ပြလိုက်သည်။

ကလေးလေးလိုအပြစ်ကင်းစင်လွန်းသည့်မျက်နှာလေးမှာ ဒဏ်ရာကြောင့်ထင် အနည်းငယ်ရှုံ့မဲ့နေလေသည်။သို့သော် ချစ်စရာကောင်းတာကိုတော့ဖုံးကွယ်ထားလို့မရပေ။မက်မွန်ပွင့်သဏ္ဍန်မျက်လုံးပိုင်ရှင်လေးမှာပြုံးပြလိုက်သည့်အခါမှာတော့ ဝမ်ရိပေါ်ရဲ့နှလုံးသားတစ်ခုလုံးအရည်ပျော်ကျဖို့လုံလောက်သွားလေသည်။ဖြူဖွေးသောအသားအရည်နှင့်လိုက်ဖက်စွာ ချစ်စရာကောင်းလွန်းသောမျက်နှာပိုင်ရှင်လေးကိုမှငြင်းမယ်ဆိုလျှင် ဒီကမ္ဘာမှာဝမ်ရိပေါ်လောက်မိုက်တဲ့သူရှိပါအုံးမလား။ထို့အမြန်ခေါင်းညိတ်လိုက်ရခြင်းဖြစ်သည်။

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now