အပိုင်း(၉)

Start from the beginning
                                    

"ဘာလို့လဲ"

"မင်းမို့လို့.."

ခွန်ပြည့်ဟာ ဘယ်အရာကိုမဆို အကြောင်းပြချက်မရှာဘဲ ရိုးရှင်းစွာအဖြေပေးလေ့ရှိ၏။ တွေ့ချင်လို့၊ ငါမကြိုက်လို့၊ ငါ့စကားနားထောင်စေချင်လို့ အစရှိသဖြင့်..။ ထိုသို့သောစကားတွေထဲ မင်းမို့လို့ ဆိုသောစကားသည် လေပြေရဲ့နှုတ်ခမ်းစွန်းလေးကိုခေတ္တမျှကော့ညွှတ်သွားစေ၏။

"မင်္ဂလာပါဆို ဘယ်လိုပြောမလဲ"

"မိုင်ဆွန်ခ"

"အော် ပြီးတော့ကျေးဇူးတင်ပါတယ်ဆိုရင်ရော"

"ခပ်ဖွန်ခ"

"ပြီးတော့.."

"ငါကအဲ့မှာနှစ်နှစ်သားလောက်ထိဘဲနေခဲ့ရတာနော် လေပြေ။ တခါတလေမှအလည်သွားရတာ။ မင်းအကုန်သိမ်းကျူံးမေးဖို့စဉ်းစားမနေနဲ့ဦး"

ကျောင်းရှေ့ရောက်ပြီမို့ ခွန်ပြည့်ကစက်ဘီးကိုရပ်ရင်းတွန်းလာ၏။ သူ့စက်ဘီးရပ်ပြီးချိန်ထိ ဘာစကားသံမှထွက်မလာတော့သော်လည်း ငြိမ်ငြိမ်လေးရပ်စောင့်နေခဲ့လျက်။

"ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး"

ဆူထွက်လာသောနှုတ်ခမ်းဖူးလေးတွေကိုကြည့်ရင်း ခွန်ပြည့်ကပြုံးလိုက်မိ၏။ သူ့အသံမာသွားမိလား၊ ဒါမှမဟုတ်ရှမ်းလူမျိုးဖြစ်လျက် ရှမ်းစကားမတတ်ခဲ့တာက သူ့အပြစ်ဖြစ်လေပြီလား။  သေချာတာကတော့ သူ့ဘေးမှအလိုမကျစွာ ဆူပုတ်ပုတ်လေးလိုက်ပါလာတဲ့ကောင်လေးဟာ ချစ်ဖို့ကောင်းလွန်းနေတာမို့..

"မင်းကချစ်ဖို့ကောင်းတယ်"

"ဟင်"

"ရှမ်းစကားနဲ့ဆို နာ့လီဟက့်နာဆူ တဲ့"

"အာ.. အင်း နာ့လီဟက့်နာဆူ"

ခွန်ပြည့်က လိမ္မော်ရောင်ပေါ်အဖြူကြိုးမျှင်ကွေးလေးတွေပါသောကျောပိုးအိတ်လေးကိုပြင်လွယ်ရင်း ပြုံးလိုက်ကာကျောင်းခန်းထဲ၀င်သွား၏။ လိမ္မော်ရောင်လွယ်အိတ်လေးနဲ့ခွန်ပြည့်ရဲ့အသားအရေက လိုက်ဖက်ညီလွန်းသည်.. အထူးသဖြင့်မခိုးမခန့်ပြုံးသွားတဲ့အပြုံးဟာ ခွန်ပြည့်မျက်နှာဖြူချောချောနှင့် ပနံသင်လွန်း၏။

မောင့်လေပြေ (Completed)Where stories live. Discover now