The Thief ( END )

Start from the beginning
                                    

Gulf ပြောတာကို MEW မကြားသလို
လုပ်နေလိုက်တော့တယ် .  ..


MEW ပြောတာကို ဒေါ်နန်းဆိုင်နဲ့
ဦးအိုက်လျန်တို့သေချာ
နားထောင်နေလိုက်တယ် ..

ဒေါ်နန်းဆိုင်ကတော့ MEW နဲ့သူ့သား အခြေအနေကို တိတိပပ သိထားတော့
MEW ဒီလိုပြောတာကို သဘောပေါက်
မိပေမယ့်

ဦးအိုက်လျန်ကတော့ သူဌေးက အလုပ်သမားတစ်ယောက်ကို ဒီလောက် ဂရုစိုက်လှပါလားလို့တွေးမိနေတယ် ..

" MEW ပြောတာ မဲ့တို့ မငြင်းပါဘူး ..
ဟုတ်ပါတယ် ဒီမှာက Gulf အဖေက
မနက်ဆိုကားထွက်သွားတော့
မဲ့တစ်ယောက်ထဲ Gulfကို
ဂရုစိုက်ရတာ ပင်တော့ပင်ပန်းတာပေါ့ ..

ဒါပေမယ့် ကိုယ်ကမိဘတွေလေ ..

MEWအခုလိုပြောတာ
မဲ့တို့ ကျေးဇူးတင်ပါတယ်

ဒါပေမယ့် မိဘတွေအနေနဲ့
တာဝန်မဲ့လွန်းတယ်လို့ထင်မိတယ်
MEW မိဘတွေကိုလည်း အားနာဖို့
ကောင်းတယ်"

Gulf ပုံစံကြည့်ရတာလည်း
ကိုယ့်သားကိုယ်တိုင်က MEW နဲ့
နေချင်တဲ့ပုံမျိုးရိပ်မိတော့ ဒေါ်နန်းဆိုင်
စကားကို မယုတ်မလွန်ပြောလိုက်တယ် ..

" အဲဒါတော့ အားနားစရာမရှိပါဘူး ..
ကျတော့်မိဘတွေက နိုင်ငံခြားမှာ
အခြေကျနေထိုင်ကြတာပါ မဲ့  ..  "

သူ့မိသားစုအကြောင်းစုံကို
MEW ပြောပြလိုက်တယ် ..

MEW နဲ့ သူ့မိဘတွေ စကားအပြန်အလှန်
ပြောနေတာကို Gulf ဝင်ပြီး မပြောမိတယ် ..
သူ့စိတ်ထဲမှာလည်း MEW အိမ်မှာပဲ
နေချင်တဲ့စိတ် ဖြစ်နေမိတယ် ..

Gulf အခြေအနေကလည်း ခုမှ
ပြန်ကောင်းခါစဂရုတစိုက်နဲ့ ရှိမှဖြစ်မယ်
ဆိုတော့..
သူ့တို့နဲ့စာရင် MEW ကို ပိုပြီး သူတို့ထက်
ရောဂါအကြောင်း နားလည်လိမ့်မယ်
ဒေါ်နန်းဆိုင် ထင်မိတယ် ..

Gulf အတွက် ဟင်းတို့ဘာတို့ လိုအပ်တာ
သူတို့ လုပ်နိုင်တာလေး လုပ်ပေးရင်လည်း
သူတို့ သားကို ပြစ်ထားရာမရောက်ပါဘူးလို့
ဒေါ်နန်းဆိုင် စဉ်းစားလိုက်မိတယ် ..

နောက်ဆုံးတော့လည်း MEWရဲ့
စကားကြွယ်တာကို ဒေါ်နန်းဆိုင်တို့
အရှုံးပေးလိုက်ရတော့တယ် ..

The ThiefWhere stories live. Discover now