"တော်ပါသေးရဲ့ ကျွန်တော်က အစ်ကိုတို့ ပြန်ကုန်ပြီထင်တာ။"

ဇေရဲက အပြုံးဖြင့်နှုတ်ဆက်လိုက်ကာ
"အေးကွ။ ပြန်တော့မို့ပဲ။ သိမ်းလည်းသိမ်းပြီးနေပြီလေ။ဒါနဲ့ လာရင်းကိစ္စ??"

"ဪ...ကျွန်တော်လည်းပြန်တော့မှာမို့လေ အဲ့တာ ပစ္စည်းတွေသိမ်းနေရင်း စောနရီကျန်ခဲ့တဲ့ရှပ်အဖြူလေးတွေ့လို့။ ဒါပေမဲ့ လက်အနား နားမှာ NOM လို့​ေရးထားလို့ ကိုနွေဦးဟာများလားလို့လာပေးတာ"

ဇေရဲကအင်္ကျီကိုလက်ကမ်းယူလိုက်ပေမဲ့ နွေဦးမောင်ကတော့ခုတင်ပေါ်မှထိုင်နေလျက်နှင့်ပင် ထိုအင်္ကျီရှိရာကို အကြည့်ရွေ့နေမိသည်။သူ့ လည်စလုတ်ကလည်းအထက်အောက်စုန်ဆန် ရွေ့လျားနေရင်း အရာအားလုံးကိုမြိုသိပ်ထားဟန်တူသည်။

ဇေရဲကပင် ပြန်မေး၏။
"ကျန်ခဲ့တယ်?"

"ဟုတ်တယ်။ စောနရီက ဘယ်ချိန်ကပြန်သွားလဲမသိဘူး။ ကျွန်တော်လည်း မနေ့ကသွားသောက်တော့.. သိတယ်မလား။များသွားတာ"

ဇေရဲက အနောက်ရှိ နွေဦးမောင်ကိုလှမ်းကြည့်သည်။ နွေဦးမောင်၏မျက်စံများက သူ့လက်ထဲကအင်္ကျီတွင်သာရှိသည်။
"အေးပါငါ့ညီ။ ကျေးဇူးပဲကွာ... ပြန်တော့မှာမလား။ဂရုစိုက်ဦးနော်"

"အစ်ကိုရောပဲဂရုစိုက်ဗျာ။ ကိုနွေဦးသွားပြီဗျ.."

စီနီယာတွေကိုနှုတ်ဆက်နေကြအတိုင်း မြင့်စိုးကနှုတ်ဆက်လိုက်ပေမဲ့ နွေဦးမောင်ကသူ့ကို အာရုံပင်မထားချေ။ မြင့်စိုးလည်း အောင့်သက်သက်နှင့်ပြန်သွားရတော့သည်။

"လှိုင်းဘွဲ့ကိုပြန်သွားတာ ထင်တယ်။ ကောင်လေးနှယ် ငါ့ကိုတောင်နှုတ်မဆက်သွားဘူး"

နွေဦးမောင်ကနေရာမှထလာကာ ထိုအင်္ကျီကိုယူပြီး လက်အနားသားနေရာကို အကြောင်းမဲ့ပွတ်သပ်နေမိသည်။ ချည်ထိုးထားသည့် သူ့နာမည်အတိုကောက်လေးက သေသပ်လို့နေသည်။ ထိုစဉ်တုန်းက သံမှိုနှင့်ငြိပြဲသွားသည့်နေရာအား နရီမှ ပြန်ဖာပေးမယ်ဟု ဆိုပြီးယူသွားသည့်အင်္ကျီဖြစ်သည်။
စိတ်အတွင်းတစ်နေရာမှ ထိန်းချုပ်မှုကြောင့် မေးရိုးကြောတွေက ထောင်တက်လာသည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now