အပိုင်း(၈)

Start from the beginning
                                    

"ဘယ်အထိလဲ"

"ယောင်္ကျားလေးနှစ်ယောက်ရဲ့ခင်မင်မှုက ဘယ်အတိုင်းအတာထိရှိမယ်လို့ မင်းထင်လဲ"

"ငါမသိဘူး လေပြေ.. မင်းသူနဲ့ဝေးဝေးနေရင်ကောင်းမယ်"

"ဘာလို့လဲ"

"ငါမကြိုက်လို့"

လေပြေကခြေလှမ်းတွေကိုတုံ့ခနဲရပ်ရင်း ခွန်ပြည့်ကိုကြည့်မိတော့ ခွန်ပြည့်ကဘာမှမဖြစ်သလို ထီမထင်စွာလေပြေ့ကိုပြန်ကြည့်နေတာမို့

"ခွန်ပြည့်.. မင်းကနားလည်ရခက်တာဘဲ။ ငါ မင်းပြောနေတာတွေနဲ့လုပ်နေတာတွေကို တကယ်နားမလည်တော့ဘူး"

"ငါတောင်နားမလည်တာကို.. မင်းကနားလည်ချင်သေးတာလား။ ဟက်. ဘာတွေလျှောက်တွေးချင်နေတာလဲ။ ငါလုပ်ခိုင်းတာဘဲလုပ်လိုက်ပေါ့.. မင်းသူနဲ့ဝေးဝေးနေလိုက်"

"ခွန်ပြည့်"

ခွန်ပြည့်နဲ့ကျောင်းဆောင်ရှေ့မှာတွေ့သောကောင်မလေးက ခွန်ပြည့်ကိုလှမ်းခေါ်ရင်း ခပ်ဝေးဝေးကစောင့်နေတာမို့ လေပြေကလှည့်ထွက်ရန်ပြင်ရင်း

"ငါသွားတော့မယ်"

"ငါမေးတာဖြေ လေပြေ.. မင်းသူနဲ့ဝေးဝေးနေပေးလို့ရမလား"

"မင်းဘာတွေ‌ဖြစ်နေတာလဲ.. ဟိုမှာမင်းကောင်မလေးစောင့်နေတယ် သွားတော့"

"ငါမေးတာဖြေစမ်းပါ.. ငါ့စကားနားထောင်မယ်မှတ်လား"

"နားထောင်ဖို့အကြောင်းပြချက်.."

"မလိုဘူး လေပြေ.. နားထောင်မှာလား၊ မထောင်ဘူးလားဘဲဖြေ"

ခွန်ပြည့်ဆိုတဲ့လူသားကို လေပြေအံ့ဩစွာကြည့်မိ၏။ ဒီလူသားဒီလိုပုံစံအထက်စီးဆန်တတ်အောင် မိဘများကဘယ်လိုထုဆစ်ပုံဖော်ခဲ့ပါသလဲ။ ခက်ထန်လာသောမျက်၀န်းအကြည့်ဟာ အပြုံးအရယ်မဲ့သောနှုတ်ခမ်းစွန်းတို့နှင့်အပြိုင် မုန်တိုင်းဆင်လျက်..။

"မင်းက ငါ့အုပ်ထိန်းသူမဟုတ်ဘူးခွန်ပြည့်"

လေပြေက ဤမျှဆိုရင်းလှည့်ထွက်လာချိန်တွင်တော့ တောက်တစ်ချက်ခေါက်လိုက်သံဟာ နောက်ပါးကနေအပြေးလေးလွင့်ပျံ့လာ၏။ သူ့ရင်ထဲနောင်တစိတ်လေးဟာ လွန့်လူး၀င်ရောက်လာရသည်။

မောင့်လေပြေ (Completed)Where stories live. Discover now