အပိုင်း ၈

Start from the beginning
                                    

"ထိုင်ပါ သူဌေးလျို ... ဘာသောက်မလဲ ... ကျွန်တော်လှမ်းပြောလိုက်မယ်"

"မသောက်တော့ဘူး ရှောင်းကျန့်"

     သူ့ရှေ့မှာ ဝင်ထိုင်လျက် အပြုံးလေးဖြင့် ငြင်းဆန်လာသည့် သူဌေးလျိုကို သူခေါင်းငြိမ့်ပြလိုက်သည်။

"ချီရင်ထွက်သွားတာတွေ့လိုက်တယ် ဘယ်လိုလဲ အသစ်ကိစ္စအဆင်ပြေလား"

"မပြေပါဘူး သူဌေးလျို ..."

"ရှောင်းကျန့်ကို ကိုယ်ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ် မနက်ဖြန်ညလောက် အားလား"

       ရှောင်းကျန့်က နားမလည်စွာ ပြန်ကြည့်တော့  သူဌေးလျိုကရယ်သည်။

"ကောင်လေးဆိုတာ ရှောင်းကျန့်အတွက်မဟုတ်ပါဘူး Company အတွက်ပါ ... အခု တွေ့ထားတဲ့ကောင်လေးက သေချာပေါက်အောင်မြင်နိုင်တယ် ... သူ့ရဲ့အရည်အချင်းတွေကို ကိုယ်တွေ့ခဲ့ရလို့"

"ကျွန်တော် အားပါတယ် တွေ့ကြည့်မယ်လေ"

     သူဌေးလျိုအတွက် သူ့အချိန်မပေးနိုင်စရာ မရှိသလို ဒီကိစ္စကလည်း ငြင်းဆန်စရာ မဟုတ် ...။ သူဌေးလျိုရဲ့ကျေးဇူးတွေနဲ့ သူဌေးလျိုအပေါ် အားနာစရာတွေ သူ့မှာ သိပ်များသည်။ သူ့ကိစ္စတွေကို ဝင်ဖြေရှင်းပေးနေသည့် သူဌေးလျိုဟာလည်း သူနဲ့ သတင်းတွေထွက်နေတဲ့ သူတွေထဲက လူတစ်ယောက်ပင် ...။ နှစ်ယောက်စလုံးကတော့ ငြင်းဆန်ထားပေမယ့် သူတို့သတင်းတွေက အခုချိန်ထိ ပျံ့နှံ့နေဆဲ ...။
အခု ကောင်လေးကိုလည်း သူဌေးလျိုကြိုက်တယ်ဆိုရင် သူလည်း ကြိုက်မှာ မလွဲမသွေ ...။  သူမကြိုက်ဘူးဆိုရင်တောင် တွေ့ကြည့်လိုက်တာလည်း မမှားနိုင်ပါ ...။

"အခုပြန်တော့မှာလား"

"ဟုတ်ကဲ့ ..."

"သေချာပြန်နော် အပြင်မှာ မိုးတွေကျနေတယ် ... ကိုယ်လည်းပြန်ပြီ"

       သူဌေးလျိုပြောမှ သူအပြင်ဘက်ကို လှမ်းကြည့်မိသည်။ မိုးစက်မိုးပေါက်တွေက ကျနေတာကြောင့် သူမျက်မှောင်ကို ကြုံလိုက်၏။ မိုးရွာတာကို သူမကြိုက်သလို မိုးရေထဲ သွားရတာကိုလည်း သူမနှစ်မြို့ ...။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now