ဟိုက်ခွမ်း စီမှ မိမိနမယ်ခေါ်လိုက်တာမို့
ရင်ထဲမှဖြစ်ချင်တာတွေပြောပြမိတော့သည်...

"ကိုကို "

"ကိုကို အက်လိုခေါ်ချင်ခဲ့တာ
ဒါပေမယ့် ခေါ်ခွင့်မရခဲ့ဘူး
မသေရဘူး ကျေးဇူးပြုပြီး
မသေပါနဲ့ တောင်းပန်ပါတယ် "

"မငိုနဲ့..."

ထိုတစ်ခွန်းသာပြောပြီး
ဟိုက်ခွမ်း လောကကြီးကို
အဆက်သွယ်ဖြတ်ကာ
အမှောင် ကမ္ဘာထဲရောက်သွားလေပီ...

"ကိုကို "!

🌠🌠🌠🌠🌠

သိပ်ချစ်လွန်းလို့...🎤
အဆုံးရူံးမခံနိုင်ဘူး...🎤
ထွက်မသွားနဲ့ နင်ငါ့ရဲ့အဝေး...🎤
ပြေးထွက်လို့သွားတာပဲ...🎤
ငါအနူးအညွတ်တောင်းပန်တဲ့ကြားက...🎤
မင်းကြောင့်နဲ့ရူးနေပီနော်...🎤
မျက်ရည်များနဲ့ငါ့ဘဝ...🎤

.................

*တောင်းပန်ပါတယ် ကျိုးချန်
ငါ့အတွက် အမြဲတမ်း ရှိနေပေးခဲ့တဲ့
မင်းကို မမြင်ခဲ့လို့...

*ထပ်ပီးတော့ တောင်းပန်ပါတယ်
အမြဲတမ်း မင်းရဲ့ မေတ္တာတရားတေကို
လျှစ်လျူရူထားခဲ့မိတယ်...

*နောက်ထပ် ထပ်ပီး တောင်းပန်ပါတယ်
အမြဲတမ်း တစိမ်းတယောက်လို
ဆက်ဆံမိခဲ့တယ်...

*နောက်ဘဝများရှိမယ်ဆိုရင်
မင်းကိုပဲ အားလုံးထက်ပိုပီး
ဂရုစိုက်ပေးချင်တယ်...

*အတ္တကြီးပါရစေ ကိုယ့်ကိုပဲ
ဆက်ချစ်နေပေးပါ...

..................

"ဟိုက်ခွမ်း ' ဟိုက်ခွမ်း ဟျောင့် "

ငါ့ကိုခေါ်နေတာလား...

ငါမသေသေးဘူးလား...

ဟိုက်ခွမ်း မျက်လုံး ဖွင့်ကြည့်လိုက်သည်...

တကယ် ပဲ ဒါနဲ့ ဆေးရုံမှာမဟုတ်ပဲ
ဘာဖြစ်လို့ကျောင်းမှာရောက်နေရတာလဲ...

ဟိုက်ခွမ်း "ဘလိုလုပ် ကျောင်းကို
ရောက်နေတာလဲ"

ရုတ်တရက် ဟိုက်ခွမ်း ပြောလာတဲ့
စကားကို ကျိရန် တို့ နားမလည်ပါ...

ကျိရန် "ဟျောင့် စာသင်ချိန်တချိန်လုံး
အိပ်ပြီးပြီကို အိပ်ရေးမဝသေးဘူး လား"

 🌠Try 🌠Donde viven las historias. Descúbrelo ahora