အပိုင်း(၆)

Start from the beginning
                                    

"လေပြေက သနားစရာဘဲ"

ငြိမ်ကုပ်နားထောင်နေရမှ၀င်ပြောလာတဲ့ဝေယံကြောင့် သူ့ရင်မှာပိုဆွေးလျလျ..။ လေပြေ့ကိုဒီဘ၀ထဲကကယ်ထုတ်ပေးချင်စိတ်တွေဟာ တဖွားဖွား။

"ဟေ့ရောင်တွေ.. လေပြေ့ရှေ့ဒီစကားတွေပြန်မပြောနဲ့နော်။ ရှက်သွားဦးမယ်"

"ငါတို့လဲ အဲ့လောက်တော့ဦးနှောက်ရှိပါတယ်ကွ.. ပြောမလား"

ငြိမ်သက်သွားတဲ့ကောင်တွေကိုကြည့်ရင်း ခွန်ပြည့်မချိပြုံးပြုံးမိ၏။ သူတို့အတန်းကအဆိုးဆုံးလို့‌ကျောင်းမှာဩဘာပေးခံရပေမဲ့ သူတို့ကျောင်းသူ၊ ကျောင်းသားအချင်းချင်းအတွက်တော့ မေတ္တာတရားပြည့်နှက်နေတဲ့အခန်းတစ်ခုပင်။

ရန်ဖြစ်စရာမရှ်ိရင် အချင်းချင်းရန်ဖြစ်ကြပေမဲ့.. ကိုယ့်အတန်းကဘယ်ကောင့်ကိုလာထိထိ၊ ချိန်းထိုးဖို့၀န်မလေးတဲ့အတန်းပင်။

"ဒါနဲ့ Gခန်းကကောင်မလေးအကြောင်းမင်းကြားလား"

"ကြားပြီးပြီ"

"အဲ့အတန်းပိုင်တကယ်မမိုက်ဘူးကွာ"

"အေးလေ.. မနက်ဖြန်သူ့မိဘမဖြစ်မနေခေါ်လာရမယ်ဆို၊ ‌ဟိုဘဲရောဘဲ"

"ယောင်္ကျားလေးကအဲ့လိုကိစ္စနဲ့မိဘ‌ခေါ်ရလဲ ဘာမှမဖြစ်ပေမဲ့.. မိန်းကလေးကကျကိစ္စရှိတယ်လေကွာ"

ခွန်ပြည့်ကကြားပြီး‌ဖြစ်ပေမဲ့ ၀င်မပြောဘဲငြိမ်သက်နေလိုက်မိ၏။ ကျောင်းသားဘ၀မှာ ဒီလိုအချစ်ရေးကိစ္စကအနည်းနဲ့အများ၀င်ရှုပ်တတ်မြဲ။ သူကိုယ်တိုင်လဲရှုပ်တယ်ဆိုပေမဲ့ အပျော်သဘောဆိုတဲ့ခေါင်းစဉ်အောက်ကမသွေဖယ်။

နှမချင်းမစာမနာပြောရရင်.. သူဘယ်မိန်းကလေးကိုမှအတည်မချစ်။ သို့သော်ဘယ်သူ့ကိုမှလဲ လွန်စွာမကျူးလွန်ဖြစ်ခဲ့။ နောင်ဘယ်လိုလာမလဲမသိပေမဲ့ ယခုချိန်ထိသူစည်းစောင့်၏။

ကျောင်းသားဘ၀က ဖြူစင်လွန်းတာမို့ သူကိုယ်တိုင်လဲအရောင်စွန်းထင်မခံချင်သလို သူ့ကြောင့်နဲ့ဘယ်သူ့ကိုမှအရောင်မစွန်းထင်စေချင်တာမို့..။

"သူကငါ့ညီမ၀မ်းကွဲရဲ့သူငယ်ချင်းအရင်းကြီးဘဲကွ.. သူသေချင်လောက်အောင်စိတ်ညစ်တယ်တဲ့။ ငါ့ညီမကတော့ သူ့သူငယ်ချင်းအစားစိတ်ညစ်ပြီးတဆူဆူပြောနေတာ မနေ့ကရော၊ဒီနေ့ရောဘဲဟေ့"

မောင့်လေပြေ (Completed)Where stories live. Discover now