'' ဒီရောက်တော့မှ အကြောင်းစုံသိလိုက်ရတော့ ရီလိုက်ရတာ သံသာရယ် ''

'' လူသုံးယောက်လုံးအခန်းထဲမှာ ရီလိုက်မောလိုက်ဖြစ်နေတာတောင် နင်က နိုးမလာဘူးလေ ''

'' ပီးတော့ ဒီနေ့က နင့်မွေးနေ့ဆိုတာ သတိရပီး suprise တိုက်လိုက်တာ ''

'' လုပ်ရက်တယ်နော် ''

'' ဆက်ကြိုးစားထား သံသာ သူက နင့်အပေါ် အဲ့လောက်လဲ စိမ်းစိမ်းကားကားမဟုတ်ပါဘူး cake က သူဝယ်လာပေးတာ ''

'' fighting သံသာ '' ဆိုကာ နွေးက ကိုစစ်ပိုင်ဆီ ပြန်ထွက်သွားသည်

သံသာ အကို့ကို စကားသွားပြောရန်ပြင်တိုင်း အကို့ဘေးနားမှာ တခြားလူက ရှိနေသည်

လူရှင်းပြန်တော့လည်း ဘယ်ကစပြောရမှန်းမသိ

cocktail တွေသာ တစ်ခွက်ပီးတစ်ခွက် အများကြီး သောက်ဖြစ်သွားသည်

ခေါင်မိုးထပ်တက်ရာ လှေကားထစ်လေးမှာ ထိုင်နေသော ပိုင်မင်းသာဟန်အနား သံသာညီဝင်ထိုင်လိုက်သည်

'' cake က အကိုဝယ်လာတာဆို ''

သံသာ့အသံကို နားထောင်ကြည့်ရုံဖြင့် မူးနေပီမှန်းသိသာသည်

'' ဘာဖြစ်လို့လဲ ''

'' ကျွန်တော် cheese cake မကြိုက်ဘူး ''

ပိုင်မင်းသာဟန်က ရယ်ရင်း

'' ဘာများလဲလို့ ''

'' ပီးတော့ ဟိုလေ ဟိုဟာ ကျွန်တော့်အဝတ်တွေက ဘယ်လိုဖြစ်ရတာလဲ ''

'' မင်း မမှတ်မိဘူးလား ''

'' မင်း အိပ်နေရင်း ထပီး အန်တာကိုလေ အဲ့တာကြောင့် မင်းအဝတ်တွေ ချွတ်လိုက်ရတာ ပီးတော့ ဘာဆက်ဖြစ်တယ်ထင်လဲ ''

'' ဘာဖြစ်သေးလို့လဲဟင် ''

'' မင်းက ငါ့အပေါ်တက်လာပီး ''

'' ငါ့မျက်နှာကို ကိုင်ပီး ''

နီရဲလာသော သံသာညီကို ကြည့်ပီး လင်းပိုင် ရီချင်စိတ်ကိုထိန်းထားရသည်

'' အိပ်ယာခင်းပေါ်ထပ်အန်ချလိုက်လို့ အိပ်ယာခင်းပါ ညတွင်းချင်း ထလဲလိုက်ရတာလေ ''

သော ( completed)Where stories live. Discover now