ချစ်ရပါသော.. part. 14

Start from the beginning
                                    

နွေးထွေးမှုဆိုမရှိခဲ့ဖူးဘူး....

သူမောင်နဲ့မှနွေးထွေးမှုရောမေတ္တာပါရလာတာ....

သူဒီအခွင့်အရေးကိုတော့လက်လွတ်မခံနိုင်...

အတ္တကြီးတာလားဆိုရအောင်လည်းမောင်ကသူ့ယောက်ျား..
သူ့မှာမောင့်ကိုချစ်ပိုင်ခွင့်သ၀န်တိုပိုင်ခွင့်ရှိတယ်....

ရှောင်ကျန့်တွေးရင်းသာရှေ့ကသူနှစ်ယောက်ကိုအာရုံစိုက်လိုက်တယ်...

''ကို...´´

''မခေါ်နဲ့´´

''ကိုကသူ့ကိုချစ်တာလား...ကိုကချစ်ကိုမေ့နိုင်ပြီလား..´´

''မေ့နိုင်တယ်...မင်းကိုမေ့နိုင်လို့ငါကိုကိုနဲ့လက်ထပ်ခဲ့တာ...´´

''ကြားရသလောက်တော့ဒီလက်ထပ်ပွဲကမရိုးရှင်းခဲ့ဘူးနော်´´

ချင်းရန်ရှောင်ကျန့်ဘက်လှည့်ပြီးပြောလာတယ်´´

''အဲ့ဒါမင်းနဲ့မဆိုင်ဘူး
ဘယ်လိုအကြောင်းအရာနဲ့ပဲငါတို့လက်ထပ်ခဲ့လက်ထပ်ခဲ့အခုလက်ရှိမှာငါတို့ကချစ်နေတယ်...
မင်းကိုလည်းပြန်လက်ခံဖို့မတွေးသလိုငါနဲ့ကိုကိုကိုလည်းမင်းခွဲဖို့မတွေးနဲ့´´

''အဟက်...ကိုကအက်လောက်တောင်ချစ်တာလား
သူ့ကိုဘာကြည့်ပြီးကြိုက်နေတာလဲ
ပြီးတော့သူကယောက်ျားလေး...
ကိုလိုချင်တာတွေပေးနိုင်ပါ့မလား...´´

ချင်းရန် ရဲ့ဆိုလိုရင်းကိုရှောင်ကျန့်ရောရိပေါ်ပါသိတယ်....

ယောက်ျားလေးမို့တချို့ကိစ္စတွေခက်ခဲတယ်...

အရေးအကြီးဆုံးကမျိုးဆက်....

ရှောင်ကျန့်တွေးမိပြန်တော့မောင့်ကိုအားနာရပြန်ပြီ...

ရိပေါ်လည်းကိုကိုရဲ့ပျက်နေတဲ့မျက်နှာကိုသတိထားမိတယ်...

ဒါပေမဲ့သူကိုယ်တိုင်ကအဲ့ဒါကိုမစဉ်းစား...
ခလေးမရရင်မွေးစားလိုက်မယ်...ဒီလိုဘဲတွေးတယ်..

''အဲ့ဒီကိစ္စတွေမင်းနဲ့မဆိုင်ဘူးချင်းရန်ဒါကငါတို့ရဲ့ကိစ္စ´´

''မောင်ပြောတာမှန်တယ်.. .ဒီကိစ္စကတော့မင်းဘက်ကစည်းကျော်လာပြီ
မင်းကမိန်းကလေးရှက်တတ်ရင်ဒီနေရာမှာလဲသေလို့ရနေပြီ...
ဒါပေမဲ့မင်းမှာအရှက်မရှိဘူး..´´

ချစ်ရပါသော...(U&Z)Where stories live. Discover now