Everlasting

213 25 0
                                        

ခပ်လှမ်းလှမ်းက ဘုရားကျောင်းထဲက စန္ဒယားသံဟာ လွမ်းမောဖွယ်ကောင်းလောက်အောင် သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။

" စီနီယာ Oh , ကော်ဖီလေး သောက်ပါအုံးလား "

Sehun ထိုင်နေတဲ့ သစ်သားခုံတန်းနား ကော်ဖီခွက်နှစ်ခွက်ကိုင်ကာ ရောက်လာသည့် သူ့ရဲ့ ကျောင်းတုန်းက ရင်းနှီးတဲ့ ဂျုနီယာ ကောင်လေး။

ဆောင်းရာသီရဲ့ အေးစက်စက်အငွေ့အသက်ကို ခပ်နွေးနွေးကော်ဖီတစ်ခွက်က အဖော်ပြုပေးသည်။ မသောက်ဖြစ်တာ ကြာတဲ့ ခါးသက်သက် ကော်ဖီအရသာဟာ Sehun ပါးစပ်ထဲမှာ စွဲကျန်ရစ်သည်။

" စီနီယာရော အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးလားဗျ။ စီနီယာ့အသက်က ဒီနှစ်ဆို ၃၄ နှစ် ဖြစ်နေပြီနော် "

" ဘယ်လိုလဲ။ ကျွန်တော် မဒီချောချောလေးတစ်ယောက်လောက် ရှာပေးရမလား "

ဘေးနားမှာ ကော်ဖီထိုင်‌သောက်ရင်း ဂျူနီယာ‌လေးရဲ့ စနောက်တဲ့ စကား‌တွေကို Sehun ခပ်ပြုံးပြုံးဖြင့်သာ နားထောင်နေမိသည်။

" ငါ စိတ်မဝင်စားပါဘူးကွာ။ တော်ပါပြီ "

Sehun ခေါင်းခါရင်း ငြင်းမိတော့ Senior ကတော့ အချိန်တိုင်း ငြင်းနေ‌တော့တာပဲဟူ‌သော တုံ့ပြန်စကားကို ကြားရသည်။

" တစ်စုံတစ်ယောက်ကို ဘယ်အချိန်အထိ ချစ်နေနိုင်မယ်လို့ Senior ထင်လဲ "

သူ့ ဘေးနားက ဂျူနီယာကောင်လေးကို ရုတ်တရုက် Sehun လှည့်ကြည့်မိသည်။

ထို ‌ကောင်လေးကတော့ ခပ်လှမ်းလှမ်းက ဘုရားဘုရားကျောင်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ကြည်ကြည်နူးနူး ပြုံးပြီး ကြည့်နေကြတဲ့ သတို့သားနဲ့ သတို့သမီးကို ငေးကြည့်နေသည်။

- Sehun, တစ်ယောက်ယောက်ကို ဘယ်အချိန်ထိ မင်း ချစ်နေနိုင်လဲ -

နှလုံးသားထဲမှာရော ဦးနှောက်ထဲမှာရော အမှတ်ရ‌နေမိသည့် တစ်ချိန်တုန်းက တစ်စုံတစ်ယောက်က ပြောခဲ့သား စကား။

" စီနီယာ..ဟိုမှာ ကျွန်တော့်ကို လှမ်းခေါ်နေလို့ သွားလိုက်ဦးမယ် "

Sehun ပြုံးပြရင်းသာ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။

ရေးလက်စ စာမူကို အပြီးသတ်လိုက်ပြီးနောက် စားပွဲပေါ်မှာ တင်ထားတဲ့ သောက်လက်စ ကော်ဖီခါခါး တစ်ခွက်ကို အကုန် မော့ချလိုက်သည်။

Everlasting Where stories live. Discover now