One

446 32 19
                                    

Please scroll down for Zawgyi.
Uni

ငါ ငါ့ရဲ့ မျိုးရိုးနာမည်ပြောင်းဖို့ အသင့်ပါပဲ!
___________________________________

၀မ်ရှောင်းကျန့် ! ....သူက ရှောင်းကျန့်ကို ၀မ်ရှောင်းကျန့်လို့ ခေါ်ရတာကို တအားသဘောကျတာ ...။
၀မ်ရှောင်းကျန့် လို့ခေါ်လိုက်တိုင်း သူ့မျက်နှာက တစ်ကမ္ဘာလုံးကို အပိုင်စားထားရသလိုပဲ !
ဒါပေမယ့် ရှောင်းကျန့်ကတော့ စိတ်ပျက်စရာလို့ပဲ မြင်တယ် ! သူ့ကို ၀မ်ရှောင်းကျန့် လို့ ခေါ်တာကို သဘောမကျဘူး ။ ရှောင်းကျန့်ရဲ့ မျိုးရိုးနာမည်က ရှောင်း ပါ နော် !

ဒါပေမယ့် ....ဒါပေမယ့် ...၀မ်ရိပေါ်ကတော့ ရှောင်းကျန့်ကို ၀မ်ရှောင်းကျန့် လို့ခေါ်ရတာကို တအားသဘောကျတာ !

................. .... ...... ....... ...... ...... ......

တစ်စုံတစ်ခုကို အရမ်းရူးသွပ်နေတဲ့ မျက်၀န်းတွေ ...
တစ်‌စုံတစ်ယောက်ကိုပဲ မြင်တဲ့ လူတစ်ယောက်...
တစ်စုံတစ်ယောက်ကြောင့် ကိုယ့်အမျိုးတွေကိုယ်တောင် ပြန်သတ်ခဲ့တဲ့ လူတစ်ယောက် ...
ခရီးလမ်းဆုံးကို ရောက်နေတဲ့အခါမှာ ပြန်သုံးသိပ်မိတယ် ...ဒါတွေ အားလုံးက သူ့ကို အရင်းခံ တာပဲ ...
သူက ရုပ်သေးရုပ် တစ်ခုကို ကျွမ်းကျင်စွာ ကစားခဲ့တယ် ...မထင်လိုက်တဲ့ အချိန်မှာ ရုပ်သေးရုပ်ကြောင့် အရာအားလုံးပျက်စီးနေပြီ ...
အရမ်းကိုမှရူးသွပ်နေတဲ့ ရုပ်သေးရုပ်...

" တောင်းပန်ပါတယ် "
ဒါ သူနောက်ဆုံး ရေရွတ်လိုက်တဲ့ စကားဟုတ်ချင်မှ ဟုတ်မှာ ...သူတောင် သတိမထားမိဘဲ သူ စကားတွေ အများကြီး ရေရွတ်မိနေတာ ...
သူမှတ်မိတာက သူ့ဆီ လာစိုက်၀င်နေတဲ့ မှန်အပိုင်းအစလေးတွေနဲ့ အလုံးအရင်းနဲ့ ၀င်လာတဲ့ ရေတွေပါပဲ ။
နောက် ...သူသေသွားခဲ့တယ် ထင်တာပဲ ။

.
.
.
.
ပိုးသတ်ဆေးနံ့တွေ လှိုင်လှိုင်ထနေတဲ့အခန်း...မျက်စိကျိန်းလောက်တဲ့ မီးအလင်းရောင် ...ဖြူလွှလွှ မျက်နှာကျက် ..

စိတ်မကောင်းစွာနဲ့ သူမသေဘူး ...မဟုတ်သေးဘူး ပြန်လည်ရှင်သန်လာတယ် လို့ပြောရမလား ...အဲ့လိုပဲ
သူ ပြန်လည်ရှင်သန်လာတယ် ဆိုတာ အတည်ပြုပြီး သုံးရက်မြောက်နေ့ _

I am ready to change my surname!Where stories live. Discover now