Chapter 4 (End) (Zawgyi)

Start from the beginning
                                    

“ ခင်ဗျားပါ ဒီ emotion ပြထားတဲ့ ပုံလေးတွေ
လာကြည့်ပါလား။
ဒါဆို ကျွန်တော့်ကို ခင်ဗျားဖြစ်နေတဲ့ခံစားချက်ကို ဖော်ပြလို့ရသွားတာပေါ့။”

ရှောင်လီဟွား မခံစားနိုင်တော့ဘဲ မျက်ရည်တွေ ကျဆင်းကာ၊ ဟေကျူး၏ ဂုတ်အား ဆွဲယူလျှက်
အော်ပြောလိုက်၏။

ဟေကျူး ကုပ်ကုပ်လေး ထိုင်၍
emotionတွေကို ဖော်ပြထားသည့် ပုံလေးတွေ ကြည့်နေပုံက ရှောင်လီဟွား၏ ရင်ကို
ပြင်းထန်စွာ ရိုက်နှက်နိုင်ချေသည်။

“ခွေးကောင်! အခု မင်း ငါ့ကို နမ်းတာ လိုချင်တယ်!”

“ဟမ်? ဒါက စိတ်ဆိုးနေတဲ့မျက်နှာမဟုတ်_”

ဟေကျူး၏ နူတ်ခမ်းလွှာသည် လီဟွား၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရချေတော့သည်။

“ ငါ အခု မင်းကို သိမ်းပိုက်ပစ်ချင်နေတာ။
ချစ်လွန်းလို့လေ...။ ငါ မင်းကို ချစ်တယ် ။ ငါ မင်းကို ချစ်တယ်။ “

ရှောင်လီဟွား ဟေးကျုးကို
ခပ်တင်းတင်း ပွေ့ဖက်ကာ အော်ပြောနေတာကို ဟေကျူးဟာ မည်သည့်စကားမျှ မဆို။
ပွေ့ဖက်ထားတာကို ငြိမ်ငြိမ်လေး မရုန်းမကန်ဘဲ ငြိမ်နေရင်းဖြင့်၊  ရှောင်လီဟွား ရင်ခွင်ထဲကနေ
ဟေကျူးဟာ မော့ကြည့်ရင်း ဆိုလာလေသည်ပင်။

“ သြော် ဒီလိုလား။ ဒါဆို လာချစ်လေ...။ ခင်ဗျားသဘော။ “

ဟေကျူးဟာ လီဟွားကို နွေးထွေးစွာ ပွေ့ပိုက်ရင်း၊ ချစ်ခြင်းကို ပုံဖော်ရင်းဖြင့် လီဟွားမျက်နှာကို ပွတ်သပ်လျှက်....။

ညနေ နေဝင်ရီတရော...၊ ညအခန်းအလင်းသဲ့သဲ့၌...၊
သူတို့နှစ်ဦးထံမှ ထွက်ပေါ်လာသော ချွေးစက်တို့၏
စီချယ်မှုသည် ပျော်ရွင်ခြင်းကို ဆောင်ယူသယောင်...။

“ ကျွန်တော့်ကို ဘာလို့ ချစ်တာလဲ။”

“ လှလို့...”

“မလှရင်ကော...”

မိန်းကလေးတွေ သူမတို့ချစ်သူကို မေးမြန်းသလို၊
ဟေကျူးက လီဟွားကို မေးနေ၏။ ရှောင်လီဟွား ရယ်မောရင်း ဟေကျူး၏ နဖူးပြင်သို့ အနမ်းဖြန့်ကျဲလာချေသည်။

Scrooge's love! (Complete)Where stories live. Discover now